Thursday, September 10, 2015

အာရှဈေးကွက်အပေါ် ယုံကြည်မှုတိုးပွားလာ


တရုတ်ဈေးကွက်မှာ အခြေအနေဆိုးရွားနေတာတွေ အဆုံးသတ်လာနိုင်ခြင်း
နဲ့ တိုကျိုဈေးကွက်မှာလည်း ဈေးနှုန်းတွေမြင့်တက်လာတာကြောင့် အာရှဈေး
ကွက်အပေါ် ယုံကြည်မှုတိုးပွားလာတယ်လို့ သိရပါတယ်။

ဂျပန်းယန်းငွေက ဒေါ်လာ၊ ယူရိုငွေကြေးနဲ့ လဲလှယ်နှုန်းမှာ ကျဆင်းသွားပေ
မယ့် သြစတြေးလျဒေါ်လာကတော့ ခြောက်နှစ်အတွင်း အနိမ့်ဆုံးဖြစ်နေတာကနေ
ပြန်လည်မြင့်တက်လာပါတယ်။ ထွန်းသစ်စဈေးကွက်က ငွေကြေးတွေကတော့
ထောက်ကူပေးဖို့တွေ လိုအပ်နေပါသေးတယ်။
တိုကျိုစတော့ဈေးကွက်ဟာ ၇ ဒသမ ၇၁ ရာခိုင်နှုန်းမြင့်တက်လာပြီး တရုတ်ဈေးကွက်
တိုးတက်မှု နှေးကွေးနေမှုကြောင့် စိုးရိမ်မှုတွေဖြစ်ပေါ်ပြီးနောက်ပိုင်း ပြန်လည် ထိုးတက်
လာတာပါ။
တရုတ်က ကမ္ဘာ့လုံးဆိုင်ရာ ဂျီဒီပီရဲ့ ၁၃ ရာခိုင်နှုန်းကျော်ရှိပါတယ်။ ပို့ကုန်နဲ့ အစိုးရ
အသုံးစရိတ်တွေကြောင့် ဆယ်စုနှစ်နဲ့ချီပြီး တရုတ်ဈေးကွက်ဟာ တိုး
တက်ခဲ့ပေမယ့် တရုတ်စီးပွားရေးဆက်လက်တိုးတက်ဖို့ဆိုရင် ပြည်တွင်းစားသုံးမှုကို
တိုးမြှင့်ဖို့လိုတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
တရုတ်ပြည်မကြီးရှယ်ယာတွေအတွက် အစိုးရက ကြားဝင်ဆောင်ရွက်ခဲ့တာ
ကြောင့် ရှန်ဟိုင်းနဲ့ ဟောင်ကောင် မှာ ရှယ်ယာဈေးနှုန်းတွေ မြင့်တက်လာ
ပါတယ်။
အစိုးရက အကြီးစားလုပ်ငန်းစီမံကိန်းတွေ အကောင်အထည်ဖော်ပြီး အသေးစားနဲ့
အလတ်စားလုပ်ငန်းတွေ ရဲ့အခွန်တွေကို ဖြတ်တောက်ပေးမယ်လို့
ကြေညာခဲ့တာကြောင့် အခုလို အပြုသဘော ဈေးကွက်ပေါ် သက်ရောက်တာ
ဖြစ်နိုင်တယ်လို့ ဆန်းစစ်လေ့လာသူတွေက ဆိုပါတယ်။
Japan's Nikkei အညွှန်းကိန်းမှာလည်း ဈေးနှုန်းတွေတက်သွားပြီး ခုနစ်နှစ်
အတွင်း တစ်ရက်တာကာလအတွက် အမြင့်ဆုံးတက်ခဲ့တာပါ။

Credit To >>> SFJ News

0 comments:

Post a Comment