Thursday, September 17, 2015

မန်းကျောက်ဝိုင်း အရောင်းအ၀ယ် အေးနေ

မန္တလေးမြို့တွင် ကျောက်မျက် ဈေးသစ် တည်ဆောက်ပြီးစီး သွားသော်လည်း အချောထည်များ တင်ပို့ ရောင်းချနိုင်ခြင်း မရှိသေးသည့် အတွက် ကျောက်စိမ်း အရောင်းအ၀ယ်မှာ အေးနေဆဲပင် ဖြစ်ကြောင်း မန္တလေး ကျောက်မျက် ရောင်းဝယ်ရေး ကုမ္ပဏီများထံက သိရသည်။

          ““မန်းကျောက်ဝိုင်း အေးနေတာ ကြာပြီ။ ၎င်းငွေရှင်တွေ မရှိတော့ ပိုအေးတာ ပေါ့၊ အရင်လို သိန်းရာထောင်ချီ ကျောက်တွေ လုံးဝနီးပါး မဖြစ်တော့ဘူး””ဟု ကျောက်ကုန်သည် ဦးမြင့်အေးက ပြောသည်။
          မန္တလေးမြို့၏ ကျောက်စိမ်းဈေးကွက်မှာ အချောထည် ရောင်းချနိုင်ခြင်းမရှိသည့် အတွက် ယခုလိုမျိုး သိသိသာသာ အရောင်းအေး နေရခြင်းဖြစ်သည် ဟုသိန်းမြင့် ကျောက်မျက် ရောင်းဝယ်ရေးမှပိုင်ရှင် ဦးသိန်းမြင့် ကထောက်ပြသည်။
          မန္တလေး ကျောက်ဝိုင်းတွင် ကျောက်စိမ်း အရောင်းအ၀ယ် အေးသည့်အတွက် တချို့ကျောက်သမားများ လုပ်ငန်းပြောင်း လုပ်နေကြသည် ဟုလည်း ကျောက်ဝိုင်း အတွင်းက သိရသည်။
          မန္တလေး ကျောက်ဝိုင်းသည် အထက် မြန်မာပြည်ရှိ ကျောက်သမားတို့အတွက် ဈေးကွက်ကြီး တစ်ခုဖြစ်သည်။
          ““ဒီမှာ ၀ယ်လက် နည်းသွားတယ်။ အရင်ဆို တရုတ်ဝယ်လက်တွေ ပေါတယ်။ အခုက တရုတ်ဝယ်လက်တွေ ရှိတော့ရှိတယ်။ သူတို့က အရင်လို ဈေးမပေးနိုင်တော့ဘူး။ အဲဒီတော့ ကျောက်စိမ်းက အရောင်းအ၀ယ် မကောင်းတော့ဘူး။ အခုကျောက်တွေက ရှိတယ်ဈေးမရလို့ မရောင်းကြဘူး။ ငွေအရမ်းလိုတဲ့ သူတွေက ကျောက်ကို ပေါင်နေကြတယ်။ တကယ်လို့ ကျွန်တော်တို့က အချောထည်သာ တင်ပို့နိုင်မယ်ဆိုရင် ကျောက်စိမ်း ဈေးကွက်က ဒီထက်ပိုပြီး ကြီးမားကျယ်ပြန့်လာမယ်””ဟု ဦးသိန်းမြင့် ကပြောသည်။
          မန္တလေးမြို့ အထွက်တွင် ကျောက်စိမ်းဈေး တည်ဆောက်ပြီးစီး သွားသော်လည်း ကျောက်ကုန်သည်များ အနေဖြင့် အချောထည်များ ရောင်းချနိုင်ခြင်း မရှိသေးကြောင်း ကုန်သည်များက ဆိုသည်။

Credit To >>> Messenger News

0 comments:

Post a Comment