Thursday, September 17, 2015

စားလို့ရသော ရေလုံးလေးများ အိတ်ထဲ ထည့်သယ်သွားနိုင်မည်


 ရေသန့်ဘူးဆောင်ပြီး ရေသန့်ဘူး ထဲကရေကို သောက်နေမည့်အစား ရေလုံးလေးများ အိတ်ထဲကထုတ်ပြီး ၀ါးစားလိုက်လို့ရမည့် နည်းပညာ လာပြီ။

      လက်ညှိုး၊ လက်မ ညှပ်ကိုင်လို့ရမည့် အရွယ်လောက်ရှိသော ရေလုံးလေးများကို ပင်လယ်ရေညှိသားဖြင့် လုပ်ထားသည်။ Ooho ဟု အမည်ပေးထားသည်။ တစ်လုံး ထုတ်လုပ်ဖို့ (၀ ဒသမ ၀၁) ဒေါ်လာသာ ကုန်ကျသည်။ ကယ်လ်ဆီယမ် ကလိုရိုက်နှင့် ပင်လယ်ရေညှိမှ ရသော ဆိုဒီယမ် အယ်ဂီနိတ်ကို အဓိက အသုံးပြုကာ ထုတ်လုပ်ထားကြောင်း သိရသည်။
      Ooho ရေလုံးသည် Alchemie Technologie မှ ဖန်တီးထားသည့် ဒီဂျစ်တယ်နည်းဖြင့် ဆေးရောင်ဆိုးခြင်း နည်းပညာနှင့် ပူးတွဲကာ ဗြိတိန် နည်းပညာ ဖန်တီးမှုဆုကို ဆွတ်ခူးထားသည်။ Alchemie Technologie ၏ ဆေးဆိုး နည်းပညာသည် ချည်ထည် တစ်ခုချင်းအလိုက် ကြိုက်သည့်အရောင် ဆိုးနိုင်အောင် ဖန်တီးထားသည်။ လက်ရှိ ဆေးဆိုးကန်ထဲ ရေတွေ၊ ဆေးတွေထည့်ပြီး ချည်ထည်များ နှစ်လျှော်နေစရာ မလိုတော့သဖြင့် ဓာတုပစ္စည်း၊ ရေ၊ လောင်စာ စသော သယံဇာတ ပစ္စည်း လေလွင့်မှုလည်း သက်သာသည်။
      ဆုရသော ကုမ္ပဏီနှစ်ခုသည် ၎င်းတို့၏ နည်းပညာကို လက်တွေ့ အကောင်အထည်ဖော်ရန် ယူရို နှစ်သောင်းစီ ရန်ပုံငွေ ရရှိကြမည် ဖြစ်သည်။

Credit To >>> Messenger News

0 comments:

Post a Comment