Thursday, September 3, 2015

ထောက်ခံချက်စောင့်ဆိုင်းနေသည့် ရေသန့် ၄၀ ကို ပိုးမွှားထပ်မံတွေ့ရှိပါက ပိတ်သိမ်းမည်


ထောက်ခံချက်စောင့် ဆိုင်းနေသော ရေသန့်လုပ်ငန်း ၄၀ ကို နောက်ဆုံးအကြိမ် စစ်ဆေး၍ ပိုးမွှားထပ်မံတွေ့ရှိပါက ပိတ်သိမ်းခိုင်းမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သတင်းရရှိသည်။

အဆိုပါ ရေသန့်လုပ်ငန်း လေးဆယ်သည် ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချရန် အစားအ သောက်နှင့်ဆေးဝါးကွပ်ကဲရေးဦး စီးဌာနမှ ထုတ်ပေးသည့် ထောက် ခံချက်ရယူရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
အဆိုပါရေသန့်လုပ်ငန်း ၄၀ ကို သုံးကြိမ်ခန့် စစ်ဆေးသော် လည်း ပိုးမွှားများရှိနေသည်ကို တွေ့ရကြောင်း အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်က ပြောသည်။
‘‘လုပ်ငန်း ၄၀ က ထုတ်တဲ့ ရေသန့်တွေထဲမှာ ပိုးမွှားတွေ့နေ တာကြောင့် နောက်ဆုံးအကြိမ် စစ်ဆေးလို့မှ ပိုးထပ်တွေ့နေသေး ရင် ပိတ်သိမ်းခိုင်းမယ်။ ပစ္စည်းကို ယူမယ်။ ပြီးရင် စစ်မယ်။ တကယ် သန့်ရင် တစ်ခါတည်း လက်မှတ် ထုတ်ပေးလိုက်မယ်။ မဟုတ်ရင် တော့ တစ်ခါတည်း ဖျက်သိမ်းရ မယ်’’ဟု ၎င်းက ပြောသည်။
ထို့ကြောင့် နောက်ဆုံးစစ် ဆေးသည့်အနေဖြင့် အဆိုပါရေ သန့်များ၏ရေနမူနာများကို သက်သေများနှင့် သေချာသိမ်းဆည်း၍ စစ်ဆေးခြင်းနှင့် ပိုးတွေ့ရှိပါက လုပ်ထုံးလုပ်နည်းများအတိုင်း ထုတ်လုပ်ခွင့် ပိတ်သိမ်းခြင်းများ ကို ဆောင်ရွက်သွားမည် ဖြစ် သည်။ ထို့ပြင် လက်ရှိ ဈေးကွက်အ တွင်း ဖြန့်ဖြူးရောင်းချနေသော ရေသန့်များကိုလည်း သတ်မှတ် ချက်နှင့် ကိုက်ညီမှုမရှိပါက ပြန် လည်ပြုပြင်မှုများဆောင်ရွက်ခိုင်း ခြင်းနှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်း ချသူများအား သုံးလ(သို့မဟုတ်) လေးလလျှင်တစ်ကြိမ် ပြန်လည် စစ်ဆေးခြင်းများအပြင် ထုတ် လုပ်မှုအပိုင်းကို ပြန်လည်စိစစ် ခြင်းများ ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။
‘‘ဈေးကွက်ထဲမှာ ထုတ်လုပ် တဲ့လုပ်ငန်းတွေ အရမ်းများတဲ့အ တွက် ကျွန်မတို့ဆီမှာ စစ်ရမယ့် ပစ္စည်းတွေက အများကြီးပဲ။ ဒါ ကြောင့် သုံးလေးလတစ်ကြိမ်စစ် တယ်။ ဒီလိုရေသန့်တွေအပြင် ထုတ်လုပ်ခွင့်မတောင်းဘဲ ထုတ် နေတဲ့ တစ်နိုင်တစ်ပိုင်လုပ်ငန်း တွေလည်း အများကြီးရှိသေး တယ်’’ဟု FDA မှ ဓာတ်ခွဲခန်းညွှန် ကြားရေးမှူး ဒေါက်တာဒေါ်ခင် ချစ်က ပြောသည်။
လက်ရှိတွင် အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေး (FDA)မှ ထုတ်လုပ်ခွင့်ပြုထား သော ရေသန့် အမျိုးအစားပေါင်း ၈၁၆ မျိုးရှိကြောင်း သိရသည်။

Credit To >>> 7Day News

0 comments:

Post a Comment