Thursday, September 3, 2015

လွှတ်တော်ရလဒ်များကို လက်မခံနိုင်သည့် အဖွဲ့အစည်းများရှိဟု သူရဦးရွှေမန်းပြော

လွှတ်တော်လုပ် ငန်းများကို ဥပဒေနှင့်အညီဆောင် ရွက်နေသော်လည်း ယင်းရလဒ် များကို လက်မခံနိုင်သည့်အဖွဲ့အ  စည်းများရှိနေသေးသည်ဟုပြည် ထောင်စုလွှတ်တော်နာယက သူ ရဦးရွှေမန်းကပြောသည်။


အချို့အဖွဲ့အစည်းဟုသာ သုံးနှုန်းသွားခဲ့ပြီး မည်သည့်အဖွဲ့ အစည်းကို ရည်ညွှန်းကြောင်း တ ရားဝင်ပြောခြင်းမရှိခဲ့ပေ။ စက် တင်ဘာ ၂ ရက်က နေပြည်တော် လွှတ်တော်အဆောက်အအုံတွင် ကျင်းပပြုလုပ်သော လွှတ်တော် အရည်အသွေးမြှင့်တင်ရေးဆိုင် ရာ အစည်းအဝေး၌ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။
‘‘အားနည်းတယ်ပဲပြောရမ လား၊ မခံယူနိုင်ဘူး။ ဒါမှမဟုတ် ရင်လည်း အချိန်တစ်ခုလိုနေသေး တဲ့အတွက် ဒီလိုဖြစ်နေတာလား။ ဒါဘာလဲဆိုရင် လွှတ်တော်က လွှတ်တော်လုပ်ငန်းများကို တာ ၀န်အရ ဥပဒေနဲ့အညီ ဆောင်ရွက် သော်လည်း တချို့တချို့သော အဖွဲ့အစည်းတွေက ဒီလိုမခံယူ နိုင်တဲ့ အနေအထားတွေကလည်း နိုင်ငံအတွင်းမှာရှိနေသေးတယ်’’ ဟု သူရဦးရွှေမန်းကပြောသည်။
လွှတ်တော်အနေဖြင့်သမ္မတ ဦးသိန်းစိန်အစိုးရခေါင်းဆောင် သော ပြည်ထောင်စုအစိုးရအဖွဲ့ တို့နှင့် ဘတ်ဂျက်ဖြတ်တောက်မှု၊ စီမံကိန်းများနှင့် ပတ်သက်၍ ထိပ် တိုက်တွေ့ဆုံမှု အများအပြားရှိခဲ့ သည်။ ပြည်ထောင်စုအစိုးရအ ဖွဲ့မှ တင်ပြလာသော ဘတ်ဂျက်၊ စီမံကိန်း၊ အခွန်အကောက်များကို ကိုင်တွယ်ရာတွင် ၎င်းတို့လွှတ် တော်ကိုယ်စားလှယ်များ၊ သက် ဆိုင်ရာကော်မတီများတွင် ကျွမ်း ကျင်မှု အားနည်းချက်များရှိခဲ့ သည်ဟု သူရဦးရွှေမန်းက ၀န်ခံ ပြောကြားခဲ့သည်။

Credit To >>> 7Day News

0 comments:

Post a Comment