Tuesday, September 8, 2015

ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများတွင် ရဲတပ်ဖွဲ့လုံခြုံရေး ဆောင်ရွက်ပေးမည်

၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် ပါတီများမှ ကိုယ်စား လှယ်လောင်းများ မဲဆွယ်စည်းရုံး ရေးပြုလုပ်မည့်နေရာများ၌ လုံခြုံ ရေးနှင့် မိုင်းရှင်းလင်းရေးများကို ရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ရွေးကောက်ပွဲမကျင်းပမီ ရက်ပေါင်း ၆၀ ဖြစ်သည့် စက်တင်ဘာ ၈ ရက်(ယနေ့)မှစ၍ မဲဆွယ် စည်းရုံးမှုများ စတင်ပြုလုပ်နိုင်ပြီ ဖြစ်သည်။
တိုင်းဒေသကြီး၊ ပြည်နယ် များရှိ ရွေးကောက်ပွဲကော်မရှင်ရုံး များ၏ခွင့်ပြုချက်ဖြင့် မဲဆွယ်စည်း ရုံးရေးပြုလုပ်သူများကိုသာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးနှင့် မိုင်းရှင်းလင်းရေးများ ဆောင်ရွက်ပေး မည်ဖြစ်သည်။
‘‘ကော်မရှင်က ခွင့်ပြုတယ် ဆိုတာနဲ့ မဲဆွယ်စည်းရုံးမယ့်နေ ရာတွေမှာ ပတ်ဝန်းကျင်အနှောင့် အယှက်မဖြစ်စေဖို့ ဆောင်ရွက်မှာ ပါ။ ကော်မရှင်က ပေးပို့တဲ့နေရာ တွေကိုပဲ လုံခြုံရေးဆောင်ရွက် ထားပေးမှာဖြစ်တယ်။ ဒါကို တစ် နိုင်ငံလုံးအနေနဲ့ လုပ်ဆောင်ဖို့ ရဲ တပ်ဖွဲ့ဌာနချုပ်ကနေ တရားဝင် ညွှန်ကြားထားပါတယ်။ အဓိက ကတော့ မိုင်းရှင်းလင်းရေးကို ဆောင်ရွက်မှာဖြစ်တယ်’’ဟု မန္တ လေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရုံးမှ အကြီးတန်းရဲအရာရှိတစ်ဦး က ပြောသည်။
ပါတီများ၏မဲဆွယ်စည်းရုံး မည့်နေ့ရက်၊ နေရာများကို ရွေး ကောက်ပွဲကော်မရှင်က ခွင့်ပြုထားရှိပါက ပြုလုပ်မည့်နေရာ တစ်နေရာတွင် ရဲအုပ်တစ်ဦးဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်အင်အား ၁၀ ဦးခန့်ဖြင့်လုံခြုံရေးဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။
‘‘အဆင်ပြေအောင် ကူညီ တာကောင်းပါတယ်။ စက်တင် ဘာ ၈ ရက်နေ့ အတွေ့အကြုံ လေးကြည့်ပြီး စက်တင်ဘာ ၉ ရက်နေ့မှာ ကော်မရှင်မှာ အစည်း အဝေးခေါ်ထားတဲ့အချိန် လိုအပ် တာလေးတွေ ဆွေးနွေးသွားဖို့ တော့ရှိတယ်။ ဘယ်လို လုပ် ဆောင်ပေးမယ် ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။ NLD ပါတီအနေနဲ့ မန္တလေးတိုင်းမြို့ပေါ်တွေ အရင်ဦးစားပေးလုပ်မယ်။ နောက်ပိုင်းနယ်တွေအထိ ရောက်အောင် လုပ်သွားမှာပါ’’ဟု မန္တလေးတိုင်း ဒေသကြီးအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအ တွင်း စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က မဲဆွယ်စည်းရုံးရန် မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးသို့ တင်ပြထားကြောင်း အဆို ပါ ကော်မရှင်၏လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်မျိုးစန်း က ပြောသည်။
‘‘လက်ရှိမှာတော့ ပြည်ခိုင် ဖြိုးနဲ့ NLD ကပဲ မြို့ထဲမှာ ကားနဲ့ လှည့်လည်ပြီး မဲဆွယ်စည်းရုံးဖို့ တင်ပြထားတယ်။ သုံးရက်တစ် ဖြတ်အနေနဲ့ စီစဉ်ပေးတာဖြစ် တယ်။ ရဲတပ်ဖွဲ့ကိုလည်း လှည့် လည်စည်းရုံးမယ့်နေရာတွေကို ပေးထားပါတယ်’’ဟု ဦးအောင် မျိုးစန်းက ပြောသည်။
ရွေးကောက်ပွဲတွင် မန္တလေး တိုင်း၌ မဲပေးမည့် မဲရုံအရေအ တွက် ၅,၄၁၀ ထားရှိမည်ဖြစ်ရာ မဲရုံတစ်ရုံလျှင် ရဲတပ်ဖွဲ့ဝင်တစ် ဦးနှုန်းဖြင့် လုံခြုံရေးထားရှိနိုင်ရန် အရပ်သားအထူးရဲများကိုလည်း စုဆောင်းထားပြီး ဖြစ်ကြောင်း သိရသည်။

Credit To >>> 7Day News

0 comments:

Post a Comment