Tuesday, September 8, 2015

မန္တလေးတိုင်း မဲဆန္ဒနယ် ၉၅ နေရာတွင် ၉၄ နေရာအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ထုတ်ပြန်

မန္တလေးတိုင်းရှိ လွှတ်တော်မဲဆန္ဒနယ်မြေ ၉၅ နေရာတွင်  ၉၄နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက စက်တင်ဘာ ၄ရက် ညနေမှ စတင်အတည်ပြုထုတ်ပြန်ခဲ့သည်။
တိုင်းဒေသကြီးလွှတ်တော် အောင်မြေသာစံမြို့နယ် မဲဆန္ဒ နယ် အမှတ်(၂)နေရာမှလွဲ၍ အခြားမဲဆန္ဒနယ်များတွင် ရွေး ကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် မည့် ကိုယ်စားလှယ်လောင်းအ မည်စာရင်းများကိုအတည်ပြု ထုတ်ပြန်ခြင်းဖြစ်ပြီး စုစုပေါင်း ကိုယ်စားလှယ်လောင်းနှစ်ဦး အမည်စာရင်းပယ်ချခံခဲ့ရသည်။
ပြင်ဦးလွင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ၀င်ရောက်ယှဉ် ပြိုင်မည့် ဦးရွှေစင်ထွန်းနှင့် အောင်မြေသာစံမြို့နယ် မဲဆန္ဒ နယ်အမှတ်(၁)မှ ၀င်ရောက်ယှဉ် ပြိုင်မည့် NLDပါတီမှ ဒေါက်တာ ဦးဝင်းမြင့်တို့မှာ ဥပဒေပါပြဋ္ဌာန်း ချက်များနှင့် ကိုက်ညီမှုမရှိဟုဆို ကာ အမည်စာရင်းပယ်ချခံခဲ့ရ ခြင်းဖြစ်သည်။
တိုင်းရွေးကောက်ပွဲကော် မရှင်က အမည်စာရင်းပယ်ချခဲ့ သည့် ရှမ်းတိုင်းရင်းသားမဲဆန္ဒ နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့်  NLDပါတီမှ ဦးစိုင်းကျော်ဇောမှာမူ  ပြည်ထောင်စုအဆင့်တွင် အယူခံ အနိုင်ရခဲ့သည်။အောင်မြေသာစံ  အမှတ်(၂)မှ ၀င်ရောက်ယှဉ်ပြိုင် မည့် ဖက်ဒရယ်ပြည်ထောင်စုပါ တီ(FUP)မှ ဒေါ်ချိုချိုစန်းမှာမူ ရွေး ကောက်ပွဲကော်မရှင်က အတည်ပြု ထုတ်ပြန်ခြင်းမရှိသေးပေ။
‘‘ဥပဒေပါပြဋ္ဌာန်းချက်နဲ့မညီ ဘူးဆိုပြီးတော့ ဒေါ်ချိုချိုစန်းကို ခရိုင်နဲ့ တိုင်းကော်မရှင်ကတော့ အမည်စာရင်းပယ်ချထားတယ်။ ဒါပေမဲ့ ပြည်ထောင်စုကော်မရှင် ကို အယူခံဆက်တက်တယ်ထင် တယ်။ အဲဒီတစ်နေရာမထုတ်ပြန် သေးဘူး။ မန္တလေးတိုင်းဒေသကြီး ထဲက ကျန်တဲ့မဲဆန္ဒနယ်တွေအား လုံးမှာတော့ အတည်ပြုထုတ်ပြန် တာဖြစ်ပါတယ်’’ဟု မန္တလေး တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
မန္တလေးတိုင်းဒေသကြီးရှိ မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ၂၀မှ ကိုယ်စားလှယ်လောင်း၃၉၀ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၂ဦးတို့က အမည်စာရင်းတင်သွင်းခဲ့ပြီး နှစ်ဦးပယ်ချခံခဲ့ရခြင်းဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီသည် မန္တ လေးတိုင်းရှိ မဲဆန္ဒနယ် (၉၅)နေရာလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး NLDပါတီမှ ၉၄ နေရာ၊ တစညပါတီမှ ၆၈နေရာနှင့် အမျိုးသားတိုးတက်ရေးပါတီမှ ၄၅နေရာဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးအ တွင်း ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ်မြေ ၂၈နေရာ၊ အမျိုးသား လွှတ်တော်မဲဆန္ဒနယ်မြေ ၁၀နေ ရာ၊ တိုင်းဒေသကြီးလွှတ်တော် မဲ ဆန္ဒနယ်မြေ ၅၆နေရာနှင့် ရှမ်း တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် မြေ တစ်နေရာရှိသည်။

Credit To >>> 7Day News

0 comments:

Post a Comment