Thursday, September 10, 2015

ရေလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးမှ ကျေးရွာပေါင်း၂၀ ကို တစ်ရွာလျှင် ငွေကျပ်သိန်း ၃၀၀ စီ ချေးပေးမည်

ယခု ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေ သကြီးရှိ ကျေးရွာ ၂၀ ကိုရေလုပ်ငန်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်မြ စိမ်းရောင် ကျေးရွာများအဖြစ်သတ် မှတ်၍ တစ်ရွာလျှင် ငွေကျပ်သိန်း ၃၀၀ စီချေးပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ရေ လုပ်ငန်းများအဓိကလုပ်ကိုင်ရာ တောင်ပိုင်း ခရိုင်နှင့် မြောက်ပိုင်းခရိုင် ရှိကျေးရွာ ၂၀ ကို ငါးလုပ်ငန်းဦးစီး ဌာနမှမြစိမ်းရောင်ကျေးရွာများအ ဖြစ်သတ်မှတ်၍ အရင်းမပျောက် မတည်ရန်ပုံငွေဖြင့် တစ်ရွာလျှင်ငွေ ကျပ်သိန်း ၃၀၀ စီထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ငါး လုပ်ငန်းဦးစီးဌာနမှ မြောက်ပိုင်းခရိုင် ဦးစီးမှူးဦးသန့်ဇင်က''ရေလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ဖို့ကျေးရွာ၂၀ ကိုမြစိမ်း ရောင်ကျေးရွာအဖြစ် သတ်မှတ်ပြီး မတည်ရန်ပုံငွေ တစ်ရွာကို သိန်း၃၀ဝစီ ချေးပေးသွားမှာပါ။ ဒီချေးငွေတွေနဲ့ ရေလုပ်ငန်း သီးသန့် လုပ်ကိုင်ရမှာ ပါ။ ချေးငွေတွေကို ကျေးရွာ ၂၀ မှာ ငွေထုတ်ပေးပြီးတဲ့ကျေးရွာ ရှိသလို မထုတ်ပေးရသေးတဲ့ ကျေးရွာတွေ လဲကျန်သေးတယ်''ဟုပြောသည်။
ယခင်ဘဏ္ဍာနှစ်တွင် တောင် ပိုင်းခရိုင်ရှိကျေးရွာ ၂၀ နှင့်မြောက် ပိုင်းခရိုင် ရှိ ကျေးရွာလေးရွာတို့ကို ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်တစ်ရွာ လျှင် ငွေကျပ်သိန်း ၃၀၀ စီချေးပေးခဲ့ပြီး အဆိုပါချေးငွေများကို ကျေးရွာများ တွင်ဖွဲ့စည်းထားသော မြစိမ်းရောင် ရန်ပုံငွေကြီးကြပ်ရေးအဖွဲ့မှ စိစစ်၍ရေလုပ်ငန်းအဓိကလုပ် ကိုင်သူများကို အတိုးနှုန်းပြား ၅၀ မှ တစ်ကျပ်ခွဲသတ်မှတ်ချေးပေးခဲ့ကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ်ရန်ကုန်တိုင်းဒေ သကြီးမြစိမ်းရောင်ကျေးရွာ ၂၀ ရွာ တွင် မြောက်ပိုင်းခရိုင်မှတိုက်ကြီး၊ ထန်းတပင်၊ မှော်ဘီနှင့်တောင်ပိုင်း ခရိုင်မှကျောက်တန်း၊ ကော့မှူး၊ ခရမ်း၊ တွံ့တေးနှင့် ကွမ်းခြံကုန်းမြို့နယ်တို့ ပါဝင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

Credit To >>> Democracy News

0 comments:

Post a Comment