Friday, September 4, 2015

စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲလုံခြုံရေး အထူးရဲအင်အား ၃,၇၀၀ ကျော် ထားရှိမည်

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း လာမည့်ရွေးကောက်ပွဲ ကာလတွင် မဲရုံများ၌ လုံခြုံရေးတာဝန်ထမ်းဆောင်ရန် အထူးရဲအင် အား ၃,၇၀၀ ကျော်ထားရှိမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူး ရဲမှူးကြီး နေထွန်းက ပြော ကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း ၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးတွေ့ဆုံညှိနှိုင်းပွဲကို စက် တင်ဘာ ၃ ရက်က မုံရွာမြို့ မြို့ တော်ခန်းမ၌ ကျင်းပခဲ့ရာတွင် ရဲမှူးကြီး နေထွန်းက ပြောကြားခြင်းဖြစ်သည်။
‘‘ရွေးကောက်ပွဲလုံခြုံရေး အ ထူးရဲတပ်ဖွဲ့ဝင်တွေက ပခုံးဒေါက်အနီရောင်၊ တံဆိပ်နဲ့ ပခုံးဒေါက် အကြား SPECIAL POLICE စာ တန်း အဖြူအောက်ခံပေါ် အမည်း စာလုံးနဲ့ ပါဝင်မယ်။ ယာဘက် လက်မောင်းမှာ မြန်မာနိုင်ငံရဲတပ် ဖွဲ့အမှတ်တံဆိပ်နဲ့ ၀ဲဘက်လက် မောင်းမှာ သက်ဆိုင်ရာတိုင်းဒေ သကြီးရဲတပ်ဖွဲ့ အမှတ်တံဆိပ်ပါ ရှိမယ်။ ၀တ်စုံကတော့ ရဲတပ်ဖွဲ့ ၀င်ဝတ်စုံပဲ ဖြစ်ပါတယ်’’ဟု ရဲမှူး ကြီး နေထွန်းက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း အထူးရဲအင်အား စစ်ကိုင်း ခရိုင်တွင် ၂၅၂ ဦး၊ ရွှေဘိုတွင် ၉၆၆ ဦး၊ မုံရွာတွင် ၄၃၅ ဦး၊ ယင်းမာပင်တွင် ၄၃၄ ဦး၊ တမူးတွင် ၆၉ ဦး၊ ကသာတွင် ၆၄၄ ဦး၊ ကလေးတွင် ၃၅၈ ဦး၊ မော်လိုက်တွင် ၁၄၁ ဦး၊ ခန္တီးတွင် ၄၁၁ ဦး စုစုပေါင်းအထူးရဲ ၃,၇၁၀ ဦး ထားရှိမည် ဖြစ်သည်။
အထူးရဲအဖြစ် တာဝန်ထမ်း ဆောင်မည့်သူများကို မြို့နယ်အ လိုက် အထူးရဲသင်တန်းများ ပို့ချ မည်ဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ ရက်ပေါင်း ၃၀ ကြာ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မဲရုံပေါင်း ၃,၇၁၀ အတွက် ရဲတပ်ဖွဲ့ဝင် ၁,၈၈၅ ဦး၊ အထူးရဲ ၃,၇၁၀ ဦး၊ အခြားဌာနဆိုင်ရာ ၃၇,၁၀၀ ဦးတို့ဖြင့် ရွေးကောက်ပွဲလုံခြုံရေးလုပ်ငန်းများ  ဆောင်ရွက်မည် ဖြစ်သည်။

Credit To >>> 7Day News

0 comments:

Post a Comment