Friday, September 4, 2015

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်ခရီးစဉ်မစတင်မီ တောင်ကြီးခရိုင် ဒီချုပ်အတွင်းရေးမှူး အဖမ်းခံရ

ဒေါ်အောင်ဆန်းစု ကြည်၏ ရှမ်းပြည်တောင်ပိုင်းခရီး စဉ်မစတင်မီ နှစ်ရက်အလို ရွေး ကောက်ပွဲကျင်းပရန် နီးကပ်နေ ချိန်တွင် တောင်ကြီးခရိုင်အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၏ အ တွင်းရေးမှူးကို စက်တင်ဘာ ၂ ရက်  ညဥ့်သန်းခေါင်ယံတွင်တောင် ကြီး မြို့မရဲစခန်းက လာရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိ သည်။

စက်တင်ဘာ ၂ ရက်ည ၁၁ နာရီခန့်တွင် ခရိုင်ဒီချုပ်အတွင်း ရေးမှူး ဦးညီညီရွှေကို ၎င်းနေအိမ် ၌ တာဝန်ကျရဲအရာရှိများက ယုံ ကြည်အပ်နှံဖောက်ဖျက်မှုပုဒ်မ ၄၀၆၊ လိမ်လည်မှု ပုဒ်မ ၄၂၀ တို့ ဖြင့် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း တောင်ကြီးခရိုင်ဒီချုပ် ဥ က္ကဋ္ဌ ဦးတင်မောင်တိုးကပြော သည်။‘‘သူ့အမျိုးသမီးနဲ့ သူ့သူငယ် ချင်းတွေ စုကြေးကိစ္စဖြစ်ထားတာ လေးနှစ်လောက်ရှိပြီ။ သူ့အမျိုးသ မီးနဲ့သူက ဒီကိစ္စတွေမဖြစ်ခင်က တည်းက ကွဲနေတာကြာပြီ။ အမှု ဖွင့်ထားတယ်ဆိုလို့ သူပဲတရားမ မှုနဲ့ ရင်ဆိုင်နေရတာ။ သူ့အမျိုးသ မီးက ထွက်ပြေးနေတဲ့အတွက် မ မိလို့ သူ့ကိုဖမ်းတာ’’ဟု ဦးတင် မောင်တိုးကပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ရှမ်းပြည်တောင်ပိုင်းပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ စက်တင်ဘာ ၅ နှင့် ၆ ရက်များ တွင်သွားရောက်မည်ဖြစ်သည်။
ဒီချုပ်ခရိုင်အတွင်းရေးမှူး ဖမ်းဆီးထိန်းသိမ်းခံရသည်ဟု ကြားသိရသည်နှင့် တောင်ကြီးမြို့ မြို့မရဲစခန်းသို့ ဒီချုပ်အဖွဲ့ဝင်များည တွင်းချင်းလိုက်သွားသော်လည်း ရဲစခန်းအ၀င်ဂိတ် တံခါးမကြီးကို သံကြိုးတပ်သော့ခတ်ပိတ်ထား ပြီး တွေ့ဆုံခွင့်မရခဲ့ဟု ဆိုသည်။
‘‘သွေးရိုးသားရိုးမဟုတ်တာ တော့ သေချာတယ်။ ပါတီကအ ရေးပါတဲ့သူလည်းဖြစ်နေတယ်။ ခါတိုင်းလည်း ကျွန်တော်တို့ပါတီ ကိစ္စဆိုရင် ရဲကဖုန်းဆက်မေး တတ်တယ်။ ညသန်းခေါင်ကြီး ၀ ရမ်းပြေးဖမ်းသလို ၀င်ဖမ်းတာ တော့မဖြစ်သင့်ဘူး’’ဟု ၎င်းက ပြောသည်။ ဖြစ်စဉ်နှင့်ပတ်သက် ပြီးတောင်ကြီးမြို့ မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ စုကြေး ကိစ္စဖြင့်တိုင်တန်းထားပြီး တရားရင်ဆိုင်နေသည်မှာ မှန်ကန် ကြောင်း ဥပဒေအရာရှိကပြစ် မှုပုဒ်မ ၄၂၀ အပြင် ၄၀၆ ဖြင့်ပါ ထပ်မံတရားစွဲသင့်ကြောင်း အ ကြောင်းပြန်လာသဖြင့် အာမခံမ ရသည့် ပုဒ်မဖြစ်နေ၍ ဖမ်းဆီးရ ခြင်းဖြစ်ကြောင်း တာဝန်ကျရဲ အ ရာရှိကပြောသည်။
‘‘ဒီနေ့တောင်ကြီးမြို့နယ် တ ရားရုံးမှာ တရားစွဲဆိုသွားမှာပါ။ အာမခံ ရ၊ မရဆိုတာတော့ တရားရေးအပိုင်း ဖြစ်ပါတယ်’’ဟု တောင်ကြီးမြို့ မြို့မရဲစခန်းမှ တာ ၀န်ကျရဲအရာရှိကပြောသည်။
ဖမ်းဆီးထိန်းသိမ်းခံထားရ သည့် ဦးညီညီရွှေသည် အဆိုပါ ပြစ်မှုပုဒ်မများအား လုံးဝကျူးလွန် ထားခြင်းမရှိဘဲ အာမခံ ရရှိပြီး အမှုရင်ဆိုင်သွားနိုင်ရန် ဥပဒေ ချုပ်ထံသို့ အသနားခံစာတင်သွင်း သွားမည်ဖြစ်ကြောင်း တောင်ကြီး ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ သတင်းရရှိသည်။
တောင်ကြီးမြို့နယ် တရား ရုံးတွင် စက်တင်ဘာ ၃ ရက်နေ့ လယ်က ဦးညီညီရွှေကို ရုံးထုတ် ခဲ့ပြီး ဥပဒေအကြံပေးက ပုဒ်မ ၄၀၆ အရ တရားစွဲဆိုခြင်းဖြစ်ကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးနေ သည့် တရားလွှတ်တော်ရှေ့နေ ဦးဝင်းဇော်ဦးကပြောသည်။
‘‘လေးနှစ်ကဖြစ်ထားတဲ့ အမှု လည်း အမှုဆိုတာ ဟောင်းသွား တယ်မရှိပါဘူး။ အခု ဥပဒေအကြံ ပေးကနေ ၄၂၀ အစား ၄၀၆ နဲ့ တရားစွဲဆိုဖို့ ပြောလာတဲ့အပေါ် အာမခံမ ရနိုင်လို့ ရဲက၀င်ရောက် ဖမ်းဆီးတဲ့ သဘောမျိုးဖြစ်ပါ တယ်’’ဟုဦးဝင်းဇော်ဦးကပြော သည်။

Credit To >>> 7Day News

0 comments:

Post a Comment