Thursday, September 3, 2015

အီးယူ-မြန်မာ ရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေးရေး သဘောတူစာချုပ်ကို စက်တင်ဘာလအတွင်း ရေးထိုးဖွယ်ရှိ


ဥရောပသမဂ္ဂ(အီးယူ) နဲ့ မြန်မာနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာ
အကွယ်ပေးရေး သဘောတူ စာချုပ်ကို စက်တင်ဘာလအတွင်း ရေးထိုးဖွယ်ရှိ
တယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများဆိုင်ရာ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြား
ရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးပြုပြုပြောင်းလဲမှုတွေ စတင်ဆောင်ရွက်ခဲ့တဲ့
လေးနှစ်တာကာလအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်တွေကို
အာရှဒေသတွင်းနိုင်ငံတွေအပြင် ဥရောပနိုင်ငံတချို့နဲ့လည်း လက်မှတ်ရေးထိုး
နိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဥရောပသမဂ္ဂနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေး
ရေးသဘောတူစာချုပ်ကို ချုပ်ဆို ဖို့အတွက် ၂၀၁၄ ကစတင်ကာ ဆွေးနွေးညှိ
နှိုင်းနေတာဖြစ်ပြီး စက်တင်ဘာလအတွင်း ထပ်မံတွေ့ဆုံဆွေးနွေး သွားဖို့ရှိ
ပါတယ်။
စက်တင်ဘာလအတွင်း ညှိနှိုင်းဆွေးနွေးပွဲမှာ အဆင်ပြေပါက မြန်မာနဲ့ ဥရောပ
သမဂ္ဂတို့အကြား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အကာအကွယ်ပေးရေးသဘောတူ
စာချုပ်ကို ချုပ်ဆိုနိုင်ဖွယ်ရှိတယ်လို့ ဦးအောင်နိုင်ဦးက ဆိုပါတယ်။
အီယူက လက်ရှိအစိုးရတက်လာပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံအပေါ် စီးပွား
ရေးပိတ်ဆို့မှုတွေကို ဖယ်ရှာပေး ခဲ့ပြီး ဖွံ့ဖြိုးမှုအားနည်းတဲ့ နိုင်ငံတွေကိုပေးတဲ့
အကောက်ခွန်သက်သာခွင့် (GSP) ကိုလည်း မြန်မာနိုင်ငံကို ပေးထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အာရှဒေသတွင်း စီးပွားရေးအင်အားကြီးနိုင်ငံတွေဖြစ်တဲ့
ဂျပန်နဲ့ ကိုးရီးယားနိုင်ငံတို့နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသဘောတူစာချုပ်ကို ချုပ်ဆို
ထားပြီဖြစ်ပြီး အစ္စရေး၊ ကနေဒါ၊ ရုရှားတို့နဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သဘောတူ
စာချုပ်ချုပ်ဆိုထားပါတယ်။

Credit To >>> SFJ News

0 comments:

Post a Comment