Wednesday, September 2, 2015

သိမ်ဖြူအားကစားကွင်းနေရာ ကွန်ဒိုဆောက်သည့် ကုမ္ပဏီနှင့် ခွင့်ပြုပေးသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ မြို့တော်ဝန်တို့ကို ရှေ့နေများကွန်ရက်တရားစွဲမည်


မင်္ဂလာတောင်ညွန့်မြို့ နယ် သိမ်ဖြူအားကစားကွင်း၌ ကန်သာယာကွန်ဆိုတီယမ်ကွန်ဒို ဆောက်လုပ်ရန် ခွင့်ပြုပေးခဲ့သော ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ မြို့တော်ဝန်နှင့် ဆောက်လုပ်နေ သည့် ကုမ္ပဏီတို့ကို တရားစွဲဆိုနိုင်ရန် မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ အဆိုပြုလွှာတင်ထားကြောင်း သတင်းရရှိ သည်။

သိမ်ဖြူအားကစားကွင်းကို မူလအတိုင်း ပြန်လည်ရရှိစေရန် နှင့် စိမ်းလန်းမြေဧရိယာများ ပျောက်ကွယ်မသွားစေရေး တရားစွဲဆိုရန် စီစဉ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရှေ့နေများ ကွန်ရက် မှ တရားလွှတ်တော် ရှေ့နေ ဦး အေးမင်းကပြောသည်။
‘‘တိုင်းဒေသကြီး တရား လွှတ်တော်မှာတော့ ပြီးခဲ့တဲ့လ ၁၉ ရက်က တင်ပြထားတယ်။ အဲဒီက တရားစွဲဆိုခွင့်ပြုတာနဲ့ ဆောင်ရွက်သွားမယ်။ တကယ်လို့ဘာမှ မထူးခြားရင်တော့ ပြည် ထောင်စုတရားလွှတ်တော်ချုပ် အထိ တင်ပြသွားဖို့ရှိတယ်’’ဟု ဦးအေးမင်းက ပြောသည်။
သိမ်ဖြူအားကစားကွင်း သည် အများပြည်သူသုံးစွဲခဲ့သည့် နေရာတစ်ခုဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသော ပုဒ် မ ၄၂ အရ အများပြည်သူသုံးစွဲရန် အခွင့်အရေးရှိကာ ယင်းအခွင့်အ ရေးကို မရရှိပါက တရားစွဲဆိုနိုင် သည်ဟု ဥပဒေ၌ ပြဋ္ဌာန်းထား ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။
ယင်းကွင်းကို နှစ်ပေါင်း ၆၀ခန့်သုံးစွဲခဲ့လျှင် ယင်းအခွင့်အရေး ကို တောင်းဆိုနိုင်ကြောင်း၊ ယခု ဆောက်လုပ်နေသည့် အာရှမြန် မာဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ သည် တရုတ်အလုပ်သမားများ အား ခေါ်ယူသုံးစွဲထားပြီး လစာပြဿနာကြောင့်  ဗီယက်နမ် အလုပ်သမားများ  ထပ်မံခေါ်ယူရန် စီစဉ်နေကြောင်း၊ ထိုသို့ပြည်ပ အလုပ်သမားများ  ခေါ်ယူထား ခြင်းကြောင့် အားကစားကွင်းနှင့် ရပ်ကွက်မှာ နီးကပ်နေ၍ နေ့နှင့်ညများ ဆူညံမှုများ ဖြစ်ပေါ်နေ ကြောင်း ၎င်းကဆိုသည်။
လက်ရှိဆောက်လုပ်နေ သည့် ကုမ္ပဏီသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြု ချက်ရရှိထားခြင်းမရှိဟု တရား လွှတ်တော်ရှေ့နေများက ဆိုသည်။
အာရှမြန်မာဖွံ့ဖြိုးတိုးတက် ရေးကုမ္ပဏီ  တာဝန်ရှိသူတစ်ဦး ကမူ သိမ်ဖြူအားကစားကွင်းရှိ အထပ်မြင့်အဆောက်အအုံကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မ ရှင်၏ ခွင့်ပြုချက်ဖြင့် ဆောက်နေ ခြင်းဖြစ်ပြီး တင်ဒါစည်းမျဉ်းစည်း ကမ်းအတိုင်း ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း၊ တရားဝင်ဆောက် လုပ်နေခြင်းမဟုတ်ပါက ပြည် နယ်ဥပဒေအရ အရေးယူခံရမည် ဖြစ်ပြီး ခွင့်ပြုချက်ဖြင့်သာ ဆောက်လုပ်နေခြင်းကြောင့် စည်ပင်သာယာဌာနက ဘာမှ အကြောင်းမပြန်ခြင်းဖြစ်ကြောင်း ပြောကြားသည်။‘‘တရားမ၀င်ဘဲ အဆောက် အအုံသေးသေးလေးဆောက်လုပ် ရင်တောင် စည်ပင်က တရားစွဲ ဆိုမှာပါ။ ကျွန်တော်တို့ဘက်က မှန်ကန်တဲ့အတွက် ရှေ့ဆက်ဖို့ အဆင်သင့်ပါပဲ။ နောက်မဆုတ် ပါဘူး။ သူတို့ဘက်က တရားစွဲဆို သွားရင်လည်း ရင်ဆိုင်ဖို့ အသင့် ပါပဲ’’ဟု ၎င်းက ဆက်လက်ပြော သည်။
သိမ်ဖြူအားကစားကွင်းပြန် လည်ရရှိရေးအတွက် ပြီးခဲ့သည့် နှစ်များက ရှေ့နေများကွန်ရက်နှင့် ရပ်ကွက်နေပြည်သူများက သ တင်းစာရှင်းလင်းပွဲများ ပြုလုပ် ၍ ဆန္ဒပြခဲ့ကြသည်။
ယင်းအားကစားကွင်းပြဿနာကို လက်ရှိအစိုးရလက်ထက် တွင် မဖြေရှင်းပေးပါက နောင်တက်လာမည့် အစိုးရလက်ထက် တွင်လည်း ဖြေရှင်းပေးရန် ဆက်လက်တောင်းဆိုမည်ဟု ရပ်ကွက် နေပြည်သူများက ပြောသည်။
‘‘အစိုးရကို တရားစွဲပြီဆိုရင် နှစ်ပိုင်းရှိပါတယ်။ ပြစ်မှုကြောင်းနဲ့လည်း တရားစွဲဆိုပိုင်ခွင့်ရှိတယ်။ တရားမကြောင်းနဲ့လည်း တရားစွဲ ဆိုပိုင်ခွင့်ရှိတယ်။ ပြစ်မှုကြောင်း အရ အစိုးရနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေကို တရားစွဲမယ်ဆိုရင် သမ္မတကနေ ခန့်အပ်ထားတဲ့ အဆင့်ရှိ တဲ့သူဆိုရင် ခွင့်ပြုမိန့်တောင်းရ ပါတယ်’’ဟု တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းကပြော သည်။
ကန်သာယာကွန်ဆိုတီယမ် ကွန်ဒိုစီမံကိန်းကို ၂၀၁၃ ဒီဇင်ဘာ  က စတင်အကောင်အထည်ဖော် ခဲ့ပြီး အထပ် ၂၇ ထပ်ပါ အထပ်မြင့်တိုက် လေးခုဆောက်လုပ်ရန် စီစဉ်ထားကာ လက်ရှိတွင် အထပ်မြင့်တိုက်တစ်ခုသာ အကြမ်း ထည်ပြီးစီးသေးသည်။

Credit To >>> 7 Day News

0 comments:

Post a Comment