Thursday, September 10, 2015

စလစ်ဈေးကျဆင်းပြီး ဒေါ်လာဈေးမြင့်တက်နေ၍ ကားအရောင်းအ၀ယ်လုပ်သူ နည်းပါးနေ

ပြည်တွင်းကားဈေး ကွက်အတွင်း ကားဟောင်းစလစ် ဈေးများကျဆင်းလာပြီး ဒေါ်လာ ဈေးမြင့်တက်နေခြင်းကြောင့် အ ရောင်းအ၀ယ်နည်းပါးနေသေးကြောင်း ကားအရောင်းအ၀ယ်ပြုလုပ်သူများထံမှ သတင်းရရှိသည်။

သက်တမ်းအားဖြင့် နှစ် ၂၀ ရှိ ကားဟောင်းစလစ်မှာ ပြီးခဲ့သည့်တစ်ပတ်က ကျပ်၆၉သိန်းခန့်ရှိသော်လည်း ယခုအပတ်တွင် ၆၅ သိန်းခန့်သာရှိပြီး စတိနံပါတ်ထွက်ပြီးသား ကားအများစုမှာ  ဈေးမြင့်တက်လာပြီး   အရောင်းအ၀ယ် ထင်သလောက်မဖြစ်ကြောင်း သီရိမင်္ဂလာယာဉ်ရောင်း ၀ယ်ရေးစခန်းမှ ကားဝယ်ရောင်း ဦးမျိုးမြင့်စိုးကဆိုသည်။
‘‘စလစ်တွေက အခုချိန်မှာသွင်းမယ့်လူနည်းလာတော့ ဈေးကျနေတာ ၂၀၁၆မှာ မော်ဒယ်တွေတိုး သွင်းခွင့်ရမယ်ဆိုတော့ ဈေးတွေပြန်တက်လာလိမ့်မယ်’’ဟု ၎င်းကသုံးသပ်သည်။
၂၀၁၆မှစ၍ ယာဉ်အိုယာဉ် ဟောင်းပါမစ်ဖြင့်   တင်သွင်းသူ များအနေဖြင့် ၂၀၁၆မော်ဒယ် နောက်ဆုံးထားတင်သွင်းရန် သတ်မှတ်လိုက်ခြင်းကြောင့် ကား ပိုင်ရှင်အများစုက ၎င်းတို့၏ ကား များကို သတ်မှတ်မော်ဒယ်နိမ့် တင်သွင်းလိုက်ပါက အိုဟောင်း စာရင်းဝင်သွားမည်စိုးရိမ်သော ကြောင့်  ၀ယ်ယူသူဈေးကွက်ကို မူတည်ကာ အရောင်းပြခန်းပိုင်ရှင် များက သိန်းတစ်ရာကျော်မော်ဒယ်မြင့်ကားများ   ပိုမိုတင်သွင်းရန် စီစဉ်နေပြီဖြစ်သည်။
သို့သော် တစ်ဖက်တွင် လည်း ဖရီးပါမစ်ကားများတွင် ကားပါကင်အခက်အခဲကြောင့် တင်သွင်းသူလျော့ကျလာခြင်းအ ပေါ် စလစ်ကပ်မော်ဒယ်မြင့်ကား များ တင်သွင်းရန်စိတ်ဝင်စားမှု ပိုမိုအားကောင်းလာနိုင်ကြောင်း ဒေါင်ဖန်း Brand New ကားအ ရောင်းပြခန်းမန်နေဂျာ   ကိုတင် ထွဋ်ကဆိုသည်။
ထို့အပြင် လတ်တလောတွင် ဒေါ်လာဈေးနှုန်းမြင့်တက်နေခြင်း ကြောင့် ကားများကို လက်ဝယ် ကိုင်အရောင်းအ၀ယ်ပြုလုပ်သူ များက အရှုံးခံပြီးရောင်းရန်မဖြစ် နိုင်သောကြောင့် အခက်အခဲအ ချို့နှင့် ကြုံတွေ့နေရသည်။
‘‘လွန်ခဲ့တဲ့လက ဆွစ်တစ်စီး ကို ၉၀နဲ့ ၀ယ်ထားတဲ့သူက ဈေး ကို အဲဒီထက်လျှော့ပြီးရောင်းဖို့မ ဖြစ်နိုင်တော့ဘူး။ ဒီအချိန်မှာ ရောင်းမယ်ဆိုရင်တော့ ရှုံးမှာပဲ။ ၀ယ်ရောင်းသမားတွေအရမ်းအ ထိနာတယ်’’ဟု လှိုင်သာယာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကား ၀ယ်ရောင်းတစ်ဦးက ဆိုသည်။
လက်ရှိတွင် အင်ဂျင်ပါဝါ ၁၃၀၀စီစီကားများသည် တစ်စီးလျှင် ကျပ်လေးသိန်းမှ ခြောက်သိန်းအထိတက်ရိပ်ပြနေပြီး အရောင်းအ၀ယ်ဖြစ်ရန်နယ်ဈေး ကွက်သာ အားထားနေရကြောင်း ၎င်းကဆိုသည်။
နိုင်ငံခြားငွေမြင့်တက်နေ သောကြောင့် ဂျပန်လေလံဈေး ကွက်တွင်လည်း ဈေးများမြင့်တက်နေ၍ ပြည်တွင်းမှ ရှိပြီး သားကားများ တက်ရိပ်ပြနေခြင်း သာဖြစ်ကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင် ကားအသစ် တင်သွင်းသူများအနေဖြင့်လည်း ဒေါ်လာဈေး   မြင့်တက်နေသော ကြောင့် ယခင်ကထက် အခွန် ဆောင်ရသည့်နှုန်း ကျပ်ခြောက်သိန်းမှ ခုနစ်သိန်းအထိ ပိုနေသော ကြောင့် ရပ်နားထားမှုအမြောက် အမြားရှိသည်ဟု တစ်နိုင်တစ်ပိုင် ကားတင်သွင်းနေသူဦးဝင်းမျိုးချစ် ကဆိုသည်။

Credit To >>> 7Day News

0 comments:

Post a Comment