Thursday, September 10, 2015

ဒီချုပ်အမတ်လောင်းများ မတရားအသင်းကြေညာခံထားရသော အဖွဲ့အစည်းများနှင့်မပတ်သက်ရန် ပါတီထုတ်ပြန်

လာမည့်ရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုယ်စားပြု ဝင်ရောက်ရွေး ချယ်ခံမည့် ကိုယ်စားလှယ် လောင်းများသည် အစိုးရက မတ  ရားသင်းအဖြစ် ကြေညာခြင်းခံ ထားရသော အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်စပ်ခြင်း လုံးဝမပြု လုပ်ကြရန် ဒီချုပ်က ထုတ်ပြန် ကြေညာသည်။

 ဒီချုပ်ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က ကြေညာ ချက်အမှတ်(၂၁)ဖြင့် ထုတ်ပြန် သည့်စာတွင် အထက်ပါအတိုင်း ထည့်သွင်းဖော်ပြထားခြင်းဖြစ် သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသော ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်ခြင်း နှင့် စုဝေးဟောပြောခြင်းညွှန်ကြား ချက်တွင် မဲဆွယ်ရာ၌ တည်ဆဲ ဥပဒေများ၊ ကော်မရှင်ညွှန်ကြား ချက်များကို ဖောက်ဖျက်ပါက တည်ဆဲဥပဒေအရ အရေးယူခံ ရမည်ဟု ဖော်ပြပါရှိကြောင်း အ ထက်ပါ ကြေညာချက်၌ ပါရှိ သည်။
ထို့ပြင် မတရားသင်းအဖြစ် ကြေညာခြင်းခံထားရသော အဖွဲ့ အစည်းများ၊ အကြမ်းဖက်လုပ်ရပ် များကျူးလွန်သည်ဟု သတ်မှတ် ထားသော အဖွဲ့အစည်းနှင့် လူ ပုဂ္ဂိုလ်များ၊ လက်နက်ကိုင်ဆန့် ကျင်နေသော သောင်းကျန်းသူအ ဖွဲ့အစည်းများနှင့် ဆက်သွယ် ကြောင်း တရားရုံး၏ ဆုံးဖြတ်ခံရ ပါက ကိုယ်စားလှယ်အဖြစ် ရွေး ချယ်ခံရမှုမှ ပယ်ဖျက်ခံရမည်ဖြစ် ကြောင်း ဒီချုပ်၏ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ဒီချုပ်ကိုယ်စား လှယ်လောင်းများသည် ရွေး ကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေး သက်သက် ပြုလုပ်ကြရန်နှင့် ဖော်ပြပါအဖွဲ့အ စည်းများအတွက် ဝင်ကြေးထည့် ဝင်ခြင်း၊ ရယူ၊ တောင်းခံခြင်း၊ ယင်းအသင်းအဖွဲ့များ၏လုပ်ငန်း များတွင် ပါဝင်ကူညီဆောင်ရွက် ခြင်း စသည့်ကိစ္စရပ်များကို လုံးဝ မပြုလုပ်ကြရန် အထူးလိုအပ် ကြောင်း ပါတီအောင်နိုင်ရေးကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။
ဒီချုပ်အမတ်လောင်းများ မဲ ဆွယ်စည်းရုံးရေးဆောင်ရွက်ရာ တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြား ချက်များကို အတိအကျလိုက်နာ ဆောင်ရွက်ကြရန် ရွေးကောက်ပွဲ စည်းရုံးကာလမတိုင်မီကပင် ပါ တီ၏ ရွေးကောက်ပွဲအောင်နိုင် ရေးကော်မတီက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
လက်ရှိတွင် ပြည်တွင်းငြိမ်း ချမ်းရေးလုပ်ငန်းများ ဆောင်ရွက် နေသော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ကို မတရားအသင်းအဖြစ် ကြေ ညာထားခြင်းမှ ရုပ်သိမ်းမှုမပြု သေးပေ။
Credit To >>> 7Day News

0 comments:

Post a Comment