Thursday, September 10, 2015

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို အားပေးရန် အစိုးရနှင့် အာရှဖွံ့ဖြိုးမှုဘဏ် လက်မှတ်ရေးထိုး

ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုများကို အားပေးပြီး မြန်မာ့ စီးပွားရေးလုပ်ငန်းများ နိုင်ငံတ ကာ ဈေးကွက်သို့ ထိုးဖောက်ဝင် ရောက်ယှဉ်ပြိုင်နိုင်ရန် မူဘောင် သဘောတူညီချက်တစ်ရပ်ကို အစိုးရနှင့် အာရှဖွံ့ဖြိုးမှုဘဏ်တို့ စက်တင်ဘာ ၉ ရက်တွင် လက် မှတ်ရေးထိုးကြောင်း အာရှဖွံ့ဖြိုး မှု ဘဏ် (ADB) က သတင်းထုတ် ပြန်သည်။

အဆိုပါ သဘောတူညီချက် သည် ကုန်သွယ်မှုကဏ္ဍတွင် ငွေ ကြေးဆိုင်ရာ ၀န်ဆောင်မှုပိုမို ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန်၊ ကုန်သွယ်မှု တိုးမြှင့်နိုင်ရန် ရည် ရွယ်ထားကြောင်း သတင်းရရှိ သည်။
ကုန်သွယ်မှု ကဏ္ဍဆိုင်ရာ ငွေကြေးဝန်ဆောင်မှု လုပ်ငန်း များသည် မြန်မာနိုင်ငံမှ ထုတ် ပေးသော ငွေလွှဲစာတမ်းများကို အာမခံပေးသော ၀န်ဆောင်မှုဖြစ် သည်။
‘‘သွင်းကုန်ထုတ်ကုန် လုပ် ငန်းများနဲ့ ဆက်သွယ် ဆောင် ရွက်နေသူတွေအတွက် နိုင်ငံတွင်း လက်လွှဲဆောင်ရွက်မယ့် ဘဏ်တွေရဲ့ ကုန်သွယ်မှုကဏ္ဍ ဆိုင်ရာငွေကြေးဝန်ဆောင်မှု ပေးအပ်နိုင် စွမ်း ပိုမိုမြင့်မားလာမှာ ဖြစ်လို့ မြန်မာအစိုးရအနေနဲ့ ဒီအစီအစဉ်ကို ကြိုဆိုပါတယ်’’ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။
ထိုအပြင် ပြည်တွင်းဘဏ် များသည် စီးပွားရေးလုပ်ငန်းများ ကို ချေးငွေပေးနိုင်ရန်နှင့် နည်း ပညာများ ထောက်ပံ့ပေးနိုင်ရန် လည်း အာရှဖွံ့ဖြိုးမှုဘဏ်က စီ စဉ်ဆောင်ရွက်သွားမည်ဟု သိရ သည်။
‘‘ကုန်သွယ်မှုကဏ္ဍအတွက် ငွေကြေး ၀န်ဆောင်မှုဟာ ကုန် သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ များ လာဖို့ အားပေးပြီး မြန်မာစီးပွား ရေးလုပ်ငန်းတွေအနေနဲ့လည်း နိုင်ငံတကာ ဈေးကွက်တွေကို ထိုးဖောက်ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အထောက်အကူပြုပါတယ်’’ဟု အာရှဖွံ့ဖြိုးမှုဘဏ် အရှေ့ တောင်အာရှ ဌာန ညွှန်ကြား ရေးမှူးချုပ် ဂျိမ်းစ်နုဂျန်က ပြော သည်။
ကုန်သွယ်မှုကဏ္ဍအတွက် ငွေကြေးဝန်ဆောင်မှု အစီအစဉ် သည် မြန်မာနိုင်ငံဘဏ်များနှင့် နိုင်ငံတကာ ဘဏ်များအကြား လုပ်ငန်းဆက်သွယ်ဆောင်ရွက်မှု ခိုင်မာလာစေရန် သာမက မြန်မာ နိုင်ငံမှ ဘဏ်များနှင့် လုပ်ငန်းဆက်သွယ်လိုသူများ တိုးပွားလာပြီးကုန်သွယ်မှုဆိုင်ရာ ငွေကြေးဝန်ဆောင်မှု ပိုမိုပေးနိုင်မည်ဟု သတင်းရရှိသည်။
Credit To >>> 7Day News

0 comments:

Post a Comment