Monday, August 31, 2015

အီတလီက Eni နဲ့ ဗီယက်နမ်က Petro Vietnam တို့ပူးပေါင်းပြီး ကမ်းလွန် လုပ်ကွက် MD-2မှာ ရေနံနဲ့ ဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်


အီတလီက Eni ကုမ္ပဏီနဲ့ ဗီယက်နမ်က Petro Vietnam ကုမ္ပဏီ တို့ပူးပေါင်း
ပြီး ကမ်းလွန်လုပ်ကွက် MD-2မှာ ရေနံနဲ့ ဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းတွေ
ဆောင်ရွက်မယ်လို့ စွမ်းအင်ဝန်ကြီးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။

ကမ်းလွန်လုပ်ကွက် MD-2 ဟာ ၂၀၁၄ ခုနှစ်မှာ စွမ်းအင်ဝန်ကြီးဌာနက နိုင်ငံတကာ
တင်ဒါခေါ်ယူခဲ့တဲ့ ကမ်းလွန်လုပ်ကွက်တွေအနက်က လုပ်ကွက်တစ်ကွက်ဖြစ်ပြီး
Eni နဲ့ Petro Vietnam တို့က တင်ဒါအောင်မြင်ထားတာ ဖြစ်ပါတယ်။
အဆိုပါလုပ်ကွက်ကို ၂၀၁၆ ကစတင်ကာ ရေနံနဲ့ ဓာတ်ငွေ့ လေ့လာရှာဖွေရေး
လုပ်ငန်းတွေကို စတင်ဆောင်ရွက်တော့မှာ ဖြစ်ပြီး ရေနံနဲ့ဓာတ်ငွေ့လေ့လာ
ရေးလုပ်ငန်းတွေမစတင်မီ သဘာဝပတ်ဝန်းကျင်နဲ့ လူမူပတ်ဝန်းကျင်ထိခိုက်မှု
(EIA/SIA) ဆန်းစစ်ချက်တွေကို ဆောင်ရွက်နေပါတယ်။
ရေနံနဲ့သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ခြင်းလုပ်ငန်းတွေက သဘာဝပတ်ဝန်းကျင်
အပေါ် ထိခိုက်မှု ဖြစ်လေ့ရှိတဲ့အတွက် EIA/SIA လေ့လာဆန်းစစ်ချက်
တွေကို အရင်ဦးဆုံးဆောင်ရွက်ရပြီး တွေ့ရှိချက်တွေကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု
ကော်မရှင်(MIC)ကို ပေးပို့ရမှာဖြစ်ကာ MIC က ခွင့်ပြုမှာသာ ရှာဖွေတူး
ဖော်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ခွင့်ရမှာ ဖြစ်ပါတယ်။
MD-2 လုပ်ကွက်လုပ်ကိုင်ခွင့်ရရှိထားတဲ့ Eni ၊ Petrovietnam ကုမ္ပဏီတို့နဲ့
စွမ်းအင်ဝန်ကြီးဌာနအကြား ထုတ်လုပ်မှုအပေါ် ခွဲဝေရေးစာချုပ်ကို ပြီးခဲ့တဲ့
မတ်လအတွင်း စာချုပ်ချုပ်ဆိုခဲ့ကြပြီး ဖြစ်ပါတယ်။
Eni နဲ့ Petrovietnam ကုမ္ပဏီတို့ဟာ ကမ်းလွန်လုပ်ကွက် MD-2 အပြင်
လုပ်ကွက် MD-4 ကိုလည်း လုပ်ကိုင်ခွင့်ရရှိထားပြီး အဲဒီလုပ်ကွက်နှစ်ခု
လုံးမှာ ရေနံနဲ့ဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ကန်
ဒေါ်လာ သန်း ၄၀၀ ကျော်ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။
MD-2 လုပ်ကွက်ဟာ ရခိုင်ကမ်းလွန်မှာ တည်ရှိပြီး စတုန်းရန်းကီလိုမီတာ
၁၀,၀၀၀ ကျော် ကျယ်ဝန်းပါတယ်။ MD-4 လုပ်ကွက်ဟာ မုတ္တမကမ်းလွန်မှာ
တည်ရှိပြီး စတုန်းရန်းကီလိုမီတာ ၆,၀၀၀ ခန့် ကျယ်ဝန်းပါတယ်။
အီတလီနိုင်ငံအခြေစိုက် Eni ကုမ္ပဏီဟာ ကုန်းတွင်းလုပ်ကွက်နှစ်ကွက်ကို
လည်း လုပ်ကိုင်ခွင့်ရရှိထားပြီး တရုတ်၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ
ရေနံနဲ့ဓာတ်ငွေ တူးဖော်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ်။
Credit to : SFJ Weekly 

0 comments:

Post a Comment