ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်းပြောကြားလိုက်ပြီး ၄င်းအား
ထောက်ခံအားပေးသည့် မဲဆန္ဒရှင်ပြည်သူများအား အနူးအညွတ်တောင်းပန်ပါကြောင်း 7
Day News သို့ ပြောကြားသည်။
“မဲကွဲမှာစိုးလို့ NLD က ၀င်ခဲ့တယ်။ အခု
မဲကွဲမှာစိုးလို့ တစ်သီးပုဂ္ဂလည်း ၀င်မပြိုင်တော့ဘူး။
ကျွန်တော်ရွေးကောက်ပွဲမ၀င်တော့ပါဘူး။ မဲဆန္ဒရှင်ပြည်သူတွေကိုတော့
အနူးအညွတ်တောင်းပန်ပါတယ်။ ဒါပေမဲ့ ရေရှည်နိုင်ငံရေးအတွက်တော့
ခင်ဗျားတို့ရဲ့မျှော်လင့်ချက်တွေကို ကျွန်တော် ဖြည့်ဆည်းပေးသွားမယ်ဆိုတာကိုယုံကြည်လိုက်ပါ” ဟု ဦးကိုကိုကြီးက7Dayနှင့်သီးသန့်တွေ့ဆုံမေးမြန်းရာတွင်ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သြဂုတ် ၆ ရက်က တွေ့ဆုံပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
“ ပြည်သူလူထု စိတ်အားငယ်မှာစိုးလို့ ကျွန်တော်တို့အန်တီနဲ့တွေ့ခဲ့ပါတယ်။
မကြာခင်လည်း ဒါကို ထုတ်ပြန်ပါမယ်” ဟု ၄င်းကပြောသည်။ ဦးကိုကိုကြီးသည်
လာမည့်ေ၇ွးကောက်ပွဲတွင်
အမျီုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဝင်ရောက်ယှဉ်ပြိုင်ရန်ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်သွင်းခဲ့သော်လည်း
ဒီချုပ်မှ ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်ရာတွင်
ရွေးချယ်ခံရခြင်းမရှိခဲ့ပေ။
Credit To >>> Eleven Media Group
Friday, August 7, 2015
“ဦးကိုကိုကြီး ရွေးကောက်ပွဲမ၀င်ရန် ဆုံးဖြတ်”
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment