Monday, August 3, 2015

ရေဘေးကယ်ဆယ်ရေးအတွက် လှူဒါန်းလိုသည့် ပစ္စည်းများအား တပ်မတော်မှ လေယာဉ်၊ ရဟတ်ယာဉ်၊ သဘောင်္များဖြင့် သယ်ဆောင်ပေးသွားမည်


ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ ရေဘေးသင့်ဒေသများသို့ တပ်မတော်မှ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
ယခုအခါတွင် ပြည်သူလူထုမှ လှူဒါန်းမှုများ ပြုလုပ်လျက်ရှိရာ သယ်ယူပို့ဆောင်ရေး အဆင်ပြေချောမွေ့စေရန်အတွက် လှူဒါန်းလိုသော ပစ္စည်းများအား မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်တွင် လက်ခံ၍ ကူညီသယ်ဆောင်ပေးသွားမည် ဖြစ်ပါသည်။
ထိုသို့ သယ်ဆောင်နိုင်ရန်အတွက် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ ဒုတိယဌာနချုပ်မှူး ဗိုလ်မှူးကြီး အောင်ကျော်ထွန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး အေးလင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုယ်စားလှယ် ၁ ဦး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနမှ ကိုယ်စားလှယ် ၁ ဦး တို့ဖြင့် စနစ်တကျလက်ခံ၍ အလှူရှင်များမှ ပေးပို့လိုသည့် နေရာများသို့ ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။
ဆက်သွယ်ရမည့် လိပ်စာအနေဖြင့် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်ထွန်း၊ ဖုန်း ၀၃၁-၂၇၀၅၁၊ ၀၃၁-၂၇၀၅၇ နှင့် ဒုတိယဗိုလ်မှူးကြီး အေးလင်း၊ ဖုန်း ၀၉-၇၃၂၀၆၆၄၄ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

Credit to >>> Myawaddy

0 comments:

Post a Comment