ထိုင်းနိုင်ငံမှ မင်းသမီး Kaew Korravee(ကယောက် ကရာဗီ) ဟာ
မြန်မာပြည်မှာဖြစ်ပေါ်နေတဲ့ ရေဘေး အတွက် အကူညီများရရှိစေရန် Pray for
Myanmar and Please Help ဆိုတဲ့ စာရွက်ကို ကိုင်ဆောင် ထားသော ဓာတ်ပုံကို
သူမရဲ့ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ ဖေ့ဘုတ်စာမျက်နှာ Profile ပုံနဲ့ Cover
ပုံတွေမှာ တင်ထားတာကိုတွေ့ရပါတယ်။
မင်းသမီး ကရာဗီ ဟာ မြန်မာရွှေ့ပြောင်း အလုပ်သမားလေးတဦးနဲ့ ချစ်ကြိုက်မိတဲ့
ထိုင်းလူမျိုး မိန်းကလေး ငယ်တဦးတို့ရဲ့ အချစ်ဇာတ်လမ်းဖြစ် တဲ့
“ဘယ်လိုအချစ်မျိုးလဲ”(Myanmar In Love In Bangkok) ဆိုတဲ့
ရုပ်ရှင်ဇာတ်ကားကြီးမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးဖြစ်သူ သရုပ်ဆောင်
အောင်နိုင်စိုးနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့သော
ထိုင်းမင်းသမီးတဦးလည်းဖြစ်ပါတယ်။
မင်းသမီး ကရာဗီ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဘယ်လိုအချစ်မျိုးလဲ ရုပ်ရှင်ဇာတ်ကား
သူမရဲ့ ဖေ့ဘုတ်စာမျက်နှာ https://www.facebook.com/kaew. korravee?fref=ts မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။
ထိုင်းမင်းသမီး ကရာဗီနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အောင်နိုင်စိုးတို့
ပါဝင်သရုပ်ဆောင်ထားတဲ့ Myanmar In Love In Bangkok ရုပ်ရှင်ဇာတ်ကား
နမူနာကို ဖော်ပြပေးလိုက်ပါတယ်နော်။
Credit to >>>Myanmar International News
Monday, August 3, 2015
မြန်မာပြည်ရေဘေးအတွက် လူမှုကွန်ရက်မှ ဆုတောင်းပေးနေတဲ့ ထိုင်းမင်းသမီး
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment