Monday, August 31, 2015

သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ ရှေးဟောင်းဗုဒ္ဓဆင်းတုတော်များ ခေတ်လက်ရာနှင့် ခုနှစ်ကို မြန်မာ၊ ရှမ်း၊ အင်္ဂလိပ် သုံးဘာ သာဖြင့် ရေးသားဖော်ပြမည်


သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာရှိ ရှေးဟောင်းဗုဒ္ဓ ဆင်းတုတော်များ၏ ခေတ်လက်ရာ နှင့် ခုနှစ်အတိအကျအတည်ပြု နိုင်ပါက မြန်မာ၊ ရှမ်း၊ အင်္ဂလိပ်သုံးဘာသာ ဖြင့် ရေးသားဖော်ပြရန် စီစဉ်သွားမည် ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် တွေ့ရှိထားသော ဆင်းတုတော်များကို လားရှိုးရှေး ဟောင်း သုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာနမှ လေ့လာသုတေ သနပြုပြီး ကုန်းဘောင်ခေတ်လက် ရာဟု ခန့်မှန်းပြောဆိုထားကာ ခေတ် လက်ရာအတိအကျနှင့် ခုနှစ်ကိုအတည် ပြုနိုင်ရန်အတွက် ဆက်လက်လုပ် ဆောင်လျက်ရှိကြောင်း၊ ခေတ်လက် ရာနှင့် ခုနှစ်အတိအကျသိရှိပါကပြည် တွင်းခရီးသွားဧည့်သည်များ အပြင် ပြည်ပခရီးသွားဧည့်သည်များပါ ဖူးမြော်နိုင်စေရန် ဆင်းတုတော်များ၏ ခုနှစ်လက်ရာတို့ကို ရှမ်း၊ မြန်မာ၊ အင်္ဂလိပ်သုံးဘာသာဖြင့် ရေးသားဖော် ပြ သွားရန်ရှိကြောင်းသိရသည်။
''ရှေး/သုကလဲလေ့လာပြီးပြီ။ ခု ရုံးချုပ်ကို တင်ထားတယ်လို့ သိရ တယ်။ ဆင်းတုတော်တွေထဲမှာက ထူးခြားတဲ့ဆင်းတုတော်ငါးဆူပါ တယ်။ ဒီဘုရားတွေကိုလဲ ဂေါပက အဖွဲ့၊ ဒေသခံတွေ၊ ဘော်ကြိုတိုက်အုပ် ဆရာတော်က အများပြည်သူလေ့လာ လို့ရအောင် ဂန္ဓကုဋီတိုက်ဆောက်လုပ် ပြီးပူဇော်မှာဖြစ်တယ်။ ခေတ်လက် ရာအတိကျအသိရတာနဲ့ ဘုရားရှေ့မှာ ရှမ်း၊ မြန်မာ၊ အင်္ဂလိပ် သုံးမျိုးနဲ့ရေး ပေးထားမယ်။ လာဖူးတဲ့သူတွေတစ် နေ့ ကို ထောင်ဂဏန်းလောက်ထိကို ရှိနေတယ်။ ရတဲ့အလှူငွေကိုလဲစနစ် တကျနဲ့လုပ်တယ်။ ဘဏ်ကိုအပ်ထား ပါတယ်။ ရှေး/သု ကလဲအကြံဉာဏ် ပေး ပါတယ်''ဟု ဂေါပကအဖွဲ့ဝင်တစ် ဦးဖြစ်သူ သီပေါကိုလတ်ကပြောသည်။
အဆိုပါ ဆင်းတုတော်များကို ပူဇော်ထားရှိ ရန်အတွက်ကို တည် ဆောက်လျက်ရှိပြီး တည်ဆောက်မှု ကို ၂၀၁၆ အမီတည်ဆောက်ပြီးစီး ရန် ရည်ရွယ်ထားကြောင်းနှင့် ဘော် ကြိုကျောင်းတိုက်ဆရာတော်၊ ဂေါပက အဖွဲ့ ဒေသခံတိုင်းရင်းသားများက ဆင်းတုတော်များကို အခြားသော နေရာ တွင် ပြောင်းရွှေ့ပူဇော်ခံထား ခြင်းမျိုး လုပ်ဆောင်ရန်ဆန္ဒမရှိဘဲ ယင်းကျောင်းတိုက်၌သာ အပူဇော် ခံထားသွားရန် ဆန္ဒရှိကြောင်းလည်း သိရသည်။
၎င်းကိစ္စနှင့်ပတ်သက်ပြီး ရှေး ဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန(လားရှိုး)မှ တာဝန် ရှိသူတစ်ဦးက''ဘော်ကြိုဘုရားကြီး ကျောင်း တိုက်ကတွေ့ခဲ့တဲ့ ဆင်းတု တော်တွေကို သက်ဆိုင်တဲ့ဆရာတော်၊ ဂေါပက အဖွဲ့ ဒေသခံတွေရဲ့ သဘော တူညီချက်မရှိဘဲ ဘာမှမလုပ်ပါ ဘူး။ရှေးဟောင်းဝတ္တုပစ္စည်းကာကွယ် ထိန်းသိမ်းရေးဥပဒေပါ ပြဋ္ဌာန်းချက် နဲ့အညီပဲ လုပ်ဆောင်မှာပါ။ ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေ နဲ့ ဘာမှစိုးရိမ်စရာမရှိပါဘူး''ဟု ပြောသည်။
အဆိုပါရှေးဟောင်းဘုရားများကို သီပေါမြို့ နယ်၊ ဘော်ကြိုကျေး ရွာ၊ ဘော်ကြိုဘုရားကြီးကျောင်းတိုက်ဝင်းအတွင်း၌ ကျောင်းတိုက် အသစ် ဆောက်လုပ်ရန် မြေတူးဖော်ရာမှ ဇူလိုင် ၂၃ ရက်တွင် ရှေးဟောင်းဗုဒ္ဓ ဆင်းတုတော် ၃၀၂ ဆူ တွေ့ရှိရပြီး ယင်းထဲတွင် အကောင်းပကတိ အတိုင်းတွေ့ရသည့် ဆင်းတုတော် ၂၂၄ ဆူနှင့် ပျက်စီးနေသည့် ဆင်းတု တော် ၇၈ ဆူတို့ကိုတူးဖော်ရရှိခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

Credit to : Yangon Media Group

0 comments:

Post a Comment