အနည်းဆုံးအခကြေး ငွေ ကျပ် ၃၆ဝဝ ကို သြဂုတ် ၂၈ရက်က အ နည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင် ရာ အမျိုးသားကော်မတီမှ အတည်ပြုထုတ် ပြန်လိုက်သည်။ အဆိုပါအတည်ပြုနှုန်းထား ကို စက်တင်ဘာကုန်မှစတင်၍ အလုပ်သ မားများခံစားခွင့်ရရှိတော့မည်ဖြစ်ကြောင်း သိရသည်။
''အရင်တုန်းက အလုပ်သမားတွေ မှာ အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ထား တာမရှိဘူး။ အခုသတ်မှတ်လိုက်တော့ ဒီ ထက်ပိုပေးရင် ပိုပေးလို့ရမယ်။ ဒီထက်တော့ လျှော့ပေးလို့မရဘူး။ွှမေါနအ တစ်ခု ဖြစ် သွားတာပေါ့။ ဝမ်းသာပါတယ်။ ဒီဥပဒေက ထုတ်ပြန်ကြေညာပြီးတဲ့နေ့ကစပြီး အသက် ဝင်ပြီ။ ဒါပေမဲ့ အလုပ်သမားဝန်ကြီးဌာနအ နေနဲ့ကတော့ လုပ်ငန်းရှင်တွေကို ဒီဥပဒေနဲ့ ပတ်သက်ပြီး လိုက်နာမှုရှိမရှိကြည့်ပြီး ကြပ် မတ်ဆောင်ရွက်ပေးသင့်ပါတယ်''ဟု အ နည်းဆုံးအခကြေးငွေသတ်မှတ်မှုကော်မတီ အလုပ်သမားကိုယ်စားလှယ် ကိုနော်အောင် က ပြောသည်။
လှိုင်သာယာစက်မှုဇုန်မှအလုပ် သမားတစ်ဦးကလည်း ''၃၆ဝဝ ရပေမယ့် အခုက ကုန်ဈေးနှုန်းတွေတက်တော့ ကျွန် တော်တို့အတွက်သိပ်ပြီးအဆင်မပြေဘူးပေါ့ နော်။ ဒါပေမဲ့ အခုလိုနှုန်းထားတစ်ခုသတ် မှတ်လိုက်တာကြိုဆိုပါတယ်''ဟု ဆိုသည်။
အနည်းဆုံးအခကြေးငွေသတ် မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအမြဲ တမ်းအတွင်းဝန် ဦးမျိုးအောင်က''အခကြေး ငွေသတ်မှတ်ပြီးရင် ထပ်ဆောင်းငွေက စ ပေးဖို့ နောက်မှဆွေးနွေးရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ အလုပ်ရှင်ရောအလုပ် သမားအတွက်ရော ကြားကျကျလုပ်ပေးမယ်'' ဟု ပြောကြားထားသည်။
အနည်းဆုံးအခကြေးငွေ သတ် မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီ၏ အ မိန့်ကြော်ငြာစာအရ ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ မှ အလုပ်ရှင်နှင့်အလုပ်ရှင်အဖွဲ့အစည်းများ၊ အလုပ်သမားနှင့်အလုပ်သမားအဖွဲ့အစည်း များ၏ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်း၊ အဆိုပြု ခြင်းနှင့် ထောက်ခံခြင်း စသည့်သဘောထား မှတ်ချက်များအား ပြည်ထောင်စုနယ်မြေ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် ကော်မတီများကကွင်းဆင်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းတို့ကို ၂ဝ၁၅ခုနှစ် သြ ဂုတ် ၃ရက်အထိ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ဆောင်ရွက်ခဲ့ပြီးနောက် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင် ရာ အမျိုးသားကော်မတီသည် ၂ဝ၁၅ ခုနှစ် သြဂုတ် ၁၈ ရက်တွင် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီဥက္ကဋ္ဌ များအပါအဝင်အစည်းအဝေးထပ်မံကျင်းပ ၍ အတည်ပြုကာ အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးကိုညှိနှိုင်းဆွေးနွေးပြီး သ ဘောတူအတည်ပြုခဲ့ခြင်းဖြစ်သည်ဟု ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့်၂ဝ၁၃ခုနှစ် အနည်း ဆုံးအခကြေးငွေ ဥပဒေပုဒ်မ ၁ဝ၊ ပုဒ်မခွဲ (ဃ)နှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်အရ မြန်မာနိုင်ငံရှိ အလုပ် သမားများအတွက်နေရာဒေသနှင့်လုပ်ငန်း အမျိုးအစားမခွဲခြားဘဲ ၂ဝ၁၅ ခုနှစ် စက် တင်ဘာ ၁ ရက်မှစ၍ တစ်နိုင်ငံလုံး တစ် ပြေးညီသတ်မှတ်ထားသည့်အနည်းဆုံး အခ ကြေးငွေမှာ တစ်နာရီလျှင် ကျပ် ၄၅ဝ အ လုပ်ချိန် ၈ နာရီ တစ်ရက်လျှင် ကျပ် ၃၆ဝဝ ဖြစ်ကြောင်းနှင့် ယင်းသတ်မှတ်ချက်သည် အလုပ်သမား ၁၅ဦးနှင့်အောက်ရှိသည့် လုပ် ငန်းငယ်များ၊ မိသားစုတစ်ပိုင်တစ်နိုင်လုပ် ငန်းများနှင့် သက်ဆိုင်မှုမရှိကြောင်း အနည်း ဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အ မျိုးသားကော်မတီက အမိန့်ကြော်ငြာစာအ မှတ် (၂/၂ဝ၁၅) ဖြင့် ထုတ်ပြန်လိုက်သည်။
Credit to : Yangon Media Group
0 comments:
Post a Comment