Friday, August 21, 2015

စွန့်စားကြည့်ချင်တဲ့ ရွှေသမီး

အနုပညာပျိုးခင်း (၂)က စင်တင် မင်းသမီး တစ်လက်ဖြစ်တဲ့ ရွှေသမီးက ကာရိုက်တာဆန်းတွေ အတွက် စွန့်စားပြီး သရုပ်ဆောင် ကြည့်ချင်လို့ သူမရဲ့စိတ်ခံစားချက်ကို ပြောပြသွားခဲ့ပါတယ်။

“ညီမအနေနဲ့ အခုဆို ကာရိုက်တာ တော်တော်များများတော့ သရုပ်ဆောင်ဖူးနေပါပြီ။ ဒါပေမဲ့ ကာရိုက်တာ အဆန်းလေး တွေတော့ ထပ်ပြီး သရုပ်ဆောင် ကြည့်ချင်သေးတယ်။ ဥပမာ ပြောရရင် ဗီလိန်ခပ်ကြီးကြီး ကာရိုက်တာမျိုးတို့၊ နောက် သဘာဝလွန် ဇာတ်ကားလေးတွေ တို့ကို သရုပ်ဆောင် ကြည့်ချင်ပါတယ်။ အဲဒီအတွက်လည်း ညီမဘက်က အတတ်နိုင်ဆုံး ပြင်ဆင် ထားပါတယ်လို့ အခုထိလည်း တတ်နိုင်သလောက် လုပ်ထားတယ်၊ နောင်လည်း ကိုယ်လုပ်နိုင်တာ မှန်သမျှ လုပ်ခွင့်ရှိရင် လုပ်ပြမှာပါ”လို့ ပြောခဲ့ပါတယ်။
လက်ရှိမှာတော့ “ဒေါ်မြခက်နဲ့ သမက်များ” ဆိုတဲ့ ဇာတ်ကား ရိုက်ထားပါတယ်လို့ သိရပါတယ်။ ရေဘေးသင့် ကိစ္စပေါ်လာတဲ့ အတွက် ပရဟိတအလုပ်တွေ လုပ်ဖြစ်နေပါတယ်လို့ ပြောပြခဲ့ပါတယ်။
Credit to >>> ကြေးမုံ

0 comments:

Post a Comment