Wednesday, August 26, 2015

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ရှစ်ဦး နေရာအပြောင်းအလဲလုပ်

 ပြည်နယ်နှင့်တိုင်းဒေသ ကြီး အစိုးရအဖွဲ့များတွင် မူလခန့် အပ်ထားသည့် လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ရှစ်ဦးကို စစ် ဘက်မူလတာဝန်များ ထမ်း ဆောင်စေပြီး ၎င်းတို့နေရာတွင် ၀န်ကြီးအသစ် ရှစ်ဦးအား ပြောင်း လဲအစားထိုး ခန့်အပ်လိုက် ကြောင်း သတင်းရရှိသည်။

တစ်နိုင်ငံလုံး၌ တည်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၁၄ ဖွဲ့ရှိ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၁၄ ဦးအ နက် ရှစ်ဦးကို ပြောင်းလဲခန့်အပ် ခဲ့ခြင်းဖြစ်ကာ ယခင်တာဝန်ထမ်း ဆောင်ခဲ့သည့် ၀န်ကြီးရှစ်ဦးအားစစ်ဘက်မူလတာဝန်ထမ်းဆောင် စေသည့် အမိန့်စာကို နိုင်ငံတော် သမ္မတရုံးက သြဂုတ်၂၄ ရက်တွင် တစ်ပြိုင်တည်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ဘက်မူလတာ ၀န်များ ထမ်းဆောင်စေလိုက် သည့် ယခင်ဝန်ကြီးဟောင်းအ များစုမှာ ရွေးကောက်ပွဲဝင်ရောက် ရန် ထိုသို့ ၀န်ကြီးနေရာများ ပြောင်းလဲ ခန့်ထားခြင်းဖြစ်ပြီး ချင်းပြည်နယ် နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ မန္တလေး တိုင်းဒေသကြီး နယ်/လုံ ၀န်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုးနှင့် ရန်ကုန်တိုင်းဒေသကြီးနယ်/လုံ ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းတို့မှာ တပ်မတော်ရာထူးများမှ အငြိမ်း စားယူ၍ သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်မဲ ဆန္ဒ နယ်များတွင် ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။

သမ္မတရုံးမှ အမိန့်စာထွက်ရှိ ပြီး နောက်တစ်ရက်ဖြစ်သော သြဂုတ် ၂၅ ရက်တွင် ကျင်းပပြု လုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေး ၌ တိုင်းဒေသကြီး နယ်/လုံဝန်ကြီး အဖြစ် ခန့်အပ်ခံရသော ဗိုလ်မှူး ကြီး တင်အောင်ထွန်းအား လွှတ် တော်ဥက္ကဋ္ဌက ကတိသစ္စာပြု လက်မှတ်ရေးထိုးမှု ပြုလုပ်စေခဲ့ သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၁၄ ခုအနက် ကချင်၊ ချင်း၊ မွန်၊ ရှမ်းစသည့် ပြည်နယ် အစိုးရအဖွဲ့ လေးခုနှင့် စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊ ရန်ကုန်စသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ လေး ခုမှ ၀န်ကြီးရှစ်ဦးအား လဲလှယ် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

သက်ဆိုင်ရာတိုင်းဒေသကြီး နှင့် ပြည်နယ်များ၏ လုံခြုံရေးကို အဓိကထားကိုင်တွယ်ရသည့် အ ဆိုပါ ၀န်ကြီးဌာနများတွင် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သားများကိုသာ ခန့် အပ်ရန် အခြေခံဥပဒေက ပြဋ္ဌာန်း ထားပြီး ၎င်းဝန်ကြီးများသည် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းများ ရှိ ရဲတပ်ဖွဲ့များကို အဓိကကိုင် တွယ် ဆောင်ရွက်ရခြင်းဖြစ် သည်။
Credit To >>> 7Day News

0 comments:

Post a Comment