မြန်မာ့ပင်လယ်ပြင်နှင့် ကမ်း ရိုးတန်းတစ်လျှောက်ရှိ တရားမဝင်
ကုန်စည်နှင့် တခြားပစ္စည်းများ တင် ဆောင်လာသည့် ကုန်တင်စက်လှေ နှင့်
ငါးဖမ်းသဘောင်္များကို ယခုလမှ စတင်၍ ရေကြောင်းရဲတပ်ဖွဲ့နှင့် တ ရားမဝင်
ကုန်သွယ်မှု တားဆီးရေးအ ဖွဲ့ Mobile Team တို့ ပူးပေါင်းစစ်ဆေး
လျက်ရှိကြောင်း သိရသည်။
စစ်ဆေးမှုများကို စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ တရားမဝင်ကုန်သွယ်မှု တားဆီးထိန်း
ချုပ်ရေး ဗဟိုကော်မတီနှင့် ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိရေကြောင်း
ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဇူလိုင်လဆန်း မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး
တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက် တွင် စတင်လုပ်ဆောင်သွားမည် ဖြစ် ကြောင်း
သိရသည်။
ထိုသို့ တရားမဝင် တင်ဆောင် လာသည့် စက်လှေနှင့် ငါးဖမ်းသင်္ဘော
များကို စစ်ဆေးအရေးယူရာတွင် တပ် မတော်(ရေ)မှလည်း လုံခြုံရေးအတွက်
ပါဝင်ကူညီသွားမည်ဖြစ်ကြောင်း သိ ရသည်။
''ဒီလိုမျိုး Mobile Team က
ဖမ်းဆီးတဲ့နေရာမှာ နယ်စပ်ဒေသတွင် နေထိုင်သူများအတွက် အခက်အခဲ မရှိအောင်
လုပ်ဆောင်သွားမယ်။ ဒီ လမ်းကြောင်းကနေ တရားမဝင်တဲ့ ဆေး ဝါး၊ လူသုံးကုန်နဲ့
အစားအသောက် တွေက ပမာဏ အရမ်းများတယ်။ ဒါ ကြောင့် ရေကြောင်းရဲတပ်ဖွဲ့နဲ့
ပူးပေါင်း ပြီး ဖမ်းဆီးမယ်။ တပ်မတော်(ရေ)ရဲ့ လုံခြုံရေးလဲ
ကျွန်တော်တို့ယူမှာပါ''ဟု Mobile Team ဖွဲ့မှ ညွှန်ကြား ရေးမှူး
ဦးတင်ရဲဝင်းက ပြောသည်။
လက်ရှိအချိန်တွင် ပညာပေး ကာလအနေဖြင့်
စတင်ဆောင်ရွက် နေခြင်းဖြစ်သောကြောင့် သတိပေးမှု များကို ဦးစွာပြုလုပ်၍
နောက်ပိုင်း၌ အရေးယူခြင်းများကို ဆက်လက်ဆောင် ရွက်မည် ဖြစ်သည်။ ထိုသို့
ပညာပေး ကာလ ကျော်လွန်ပါက တရားမဝင် ကန့်သတ်ပစ္စည်းများ တင်သွင်းလာ ခြင်းကို
စစ်ဆေးတွေ့ရှိလျှင် အမြင့်ဆုံး ထောင်ဒဏ်သုံးနှစ်အထိ အရေးယူ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိ ရသည်။
''ဒီလမ်းကြောင်းမှာ
ဖမ်းဆီးဖို့ နှစ်စု ခွဲထားတယ်။ တစ်ကြောင်းက ရနောင်းကနေ ကော့သောင်းဝင်တဲ့
ပစ္စည်းတွေ၊ နောက်လမ်းကြောင်း တစ် ခုက ရနောင်းကနေ မော်လမြိုင်၊ ရန်
ကုန်တို့ကို ဝင်တာရှိမယ်။ တရားမဝင် လုပ်ဆောင်တဲ့သူတွေ ရှိနေရင် တရား ဝင်
လုပ်တဲ့သူတွေ အားလုံး နစ်နာ တာပေါ့''ဟု ဦးတင်ရဲဝင်းက ဆက် ပြောသည်။
ရန်ကုန်မြို့ရှိ နိုင်ငံတကာ ပင် လယ်ကူး သင်္ဘောဆိပ်ကမ်းများနှင့်
ကမ်းရိုးတန်းသွား ဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှုများ စိစစ်ထိန်း
ချုပ်မှုကို ၂ဝ၁၄ ခုနှစ် ဇူလိုင်လမှ စ တင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
Credit to >>>Yangon Media Group
Thursday, July 9, 2015
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်ရှိ ကုန်တင်စက်လှေနှင့်ငါးဖမ်းသင်္ဘောများကို ရေကြောင်းရဲတပ်ဖွဲ့နှင် Mobile Team တို့ပူးပေါင်းစစ်ဆေးမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment