ဝန်ကြီးဌာနပိုင် ဟိုတယ်များကို ပုဂ္ဂလိကသို့ နှစ်ရှည် ငှားရမ်းပေး နေကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနမှ သိရသည်။
ယခင်က ဝန်ကြီးဌာနပိုင် ဟို တယ်များကို ပုဂ္ဂလိကသို့တစ်ကြိမ် ငှားလျှင်
ငါးနှစ်သာ ငှားရမ်းပေးခဲ့ သော်လည်း ယခုအခါ ၁၅ နှစ်သို့
တိုးမြှင့်ငှားရမ်းပေးနေကြောင်း ဟိုတယ်/ခရီးမှ ညွှန်ကြားရေးမှူး
ဦးမျိုးဝင်းညွန့်က ပြောသည်။
”လုပ်ငန်းရှင်တွေ ပိုပြီးအဆင် ပြေသွားတာပေါ့ဗျာ။ ပြီးတော့ ဟို
တယ်လုပ်ငန်းကနေလည်း ဝင်ငွေ ပိုပြီး ရရှိနိုင်အောင်လည်း ပါတာ ပေါ့လေ”ဟု
၎င်းက ဆိုသည်။
လက်ရှိ ငှားရမ်းထားသော ဟိုတယ်များကို တင်ဒါစနစ်ဖြင့်
ငှားရမ်းခြင်းဖြစ်ပြီး သတ်မှတ်ထား သော စာချုပ်ပါစည်းကမ်းချက်များ ကို
အပြည့်အဝလိုက်နာမည့်လုပ် ငန်းရှင်များကိုသာ ငှားရမ်းခြင်းဖြစ် ကြောင်း၊
တင်ဒါခေါ်ရာတွင်လည်း ဈေးနှုန်းအများဆုံးပေးနိုင်သူ လုပ် ငန်းရှင်ကိုသာ
ငှားရမ်းခြင်းဖြစ် ကြောင်း ဦးမျိုးဝင်းညွန့်က ဆက် ပြောသည်။
ယခုကဲ့သို့ နှစ်ရှည် ငှားရမ်းမှု သည် ကောင်းသည့်ကိစ္စများ ရှိသ ကဲ့သို့
အဆင်မပြေသည့်အချက် များလည်းရှိကြောင်း ပုဂ္ဂလိကပိုင် ဟိုတယ်တစ်ခုဖြစ်သော
စင်ထရယ် ဟိုတယ်ပိုင်ရှင်ဖြစ်သူ ဦးတင်ဝင်း က ပြောသည်။
နှစ်ရှည်ငှားရမ်းမှုသည် လုပ် ငန်းရှင်အတွက် ဟိုတယ်ပြင်ဆင် ရေးများ
လုပ်ဆောင်ရာတွင် အ ဆင်ပြေကြောင်း၊ သို့သော်လည်း တစ်ဖက်မှကြည့်ပါက ဈေးနှုန်း
သည်အတက်အကျရှိသဖြင့် အ ချိန်ကြာလာလျှင် ဝန်ကြီးဌာနအ တွက် နစ်နာမှု
အနည်းငယ်ရှိနိုင်ကြောင်း ၄င်းက ဆိုသည်။
”နှစ်ရှည်ငှားတော့ လုပ်ငန်း
ရှင်က ပြင်ဆင်ချင်တာကို ပြင်ဆင် လို့ရတယ်။ နောက်ထပ်နှစ်တွေ အများကြီး
ကိုယ်ကပဲ ဆက်လုပ် ရမှာဆိုတော့။ ဒါပေမဲ့ ဝန်ကြီးဌာန က ငှားရမ်းတဲ့နေရာမှာ
ဈေးနှုန်းက တစ်သမတ်တည်း ဖြစ်နေရင် အ ဆင်မပြေဘူး”ဟု ၄င်းကပြောသည်။
လက်ရှိတွင် ဟိုတယ်ခရီးဝန် ကြီး ဌာနမှပုဂ္ဂလိက လုပ်ငန်းရှင် များသို့ ငှားထားသော ဟိုတယ် ၂၁ လုံးရှိကြောင်း သိရသည်။
Credit to >>>Popular News
Thursday, July 9, 2015
ဝန်ကြီး ဌာနပိုင် ဟိုတယ်များကို ပုဂ္ဂလိကသို့ သက်တမ်းတိုးမြှင့် ငှားရမ်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment