Thursday, July 9, 2015

ငွေရှင်းပြေစာတွင် အခွန်တံဆိပ်ကပ်စနစ်ကြောင့် ကုန်သွယ်လုပ်ငန်းခွန် ကျပ်သန်းငါးရာကျော်ပိုရ

တစ်နိုင်ငံလုံးရှိ စား သောက်ဆိုင်များ၏ ငွေရှင်းပြေစာ တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ် သည့်စနစ်ကို ကျင့်သုံးလိုက်ခြင်း ကြောင့် ကုန်သွယ်လုပ်ငန်းခွန်ကျပ် သန်း ၅၆၀ ခန့် ပိုမိုရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက သတင်းရရှိသည်။

ငွေရှင်းပြေစာတွင် အခွန်အ မှတ်တံဆိပ်မကပ်နှိပ်ပါက အရေး ယူသည့်စနစ်ကို ၂၀၁၅ မေလကစတင်ခဲ့သည်။
ယခုဘဏ္ဍာနှစ်အစမှ မေလကုန်အထိ ရန်ကုန်တိုင်းတွင်ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များမှ ကုန်သွယ်လုပ်ငန်းခွန် ၇၀၄ သန်းခန့် ကောက်ခံရရှိခဲ့ပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင်ကာလတူတွင် ကုန်သွယ်လုပ်ငန်းခွန် ၁၄၃ သန်းခန့်သာ ကောက်ခံရရှိခဲ့သည်။
ငွေရှင်းပြေစာတွင်အခွန်အ မှတ်တံဆိပ်ကပ်နှိပ်သည့်စနစ်ကို ၂၀၁၄ နိုဝင်ဘာတွင် ပညာပေး ကာလအဖြစ် ရန်ကုန်မြို့မှ စား သောက်ဆိုင် ၁၀၀ ခန့်၌ အသုံး ပြုခဲ့သည်။
စတင်အရေးယူသည့်အချိန် မှ နှစ်လတာကာလအတွင်း စား သောက်ဆိုင် ၃၀ ခန့်ကို အရေးယူထားကာ ဒဏ်ကြေး ကျပ်သိန်း ၆၀ ခန့်ရရှိပြီဟု ပြည်တွင်းအခွန် ဦးစီးဌာနလက်ထောက်ညွှန်ကြား ရေးမှူး ဦးထင်အောင်လင်းက ပြောသည်။
‘‘ငွေရှင်းပြေစာမတောင်းရင် မပေးတဲ့ စားသောက်ဆိုင်တွေရှိ သေးတယ်။ ပြေစာတောင်းရင် အခွန်အမှတ်တံဆိပ် ကပ်ပေး တယ်။ ကုန်သွယ်လုပ်ငန်းခွန် ကောက်ထားပြီး အခွန်အမှတ်တံ ဆိပ်မကပ်တာက နိုင်ငံတော်ပိုက် ဆံကို ညာယူနေတာ’’ ဟု ဦးထင် အောင်လင်းကပြောသည်။
စားသောက်ဆိုင်များ အခွန် အမှတ်တံဆိပ်ကပ်ခြင်း ရှိ၊ မရှိ သက်ဆိုင်ရာ မြို့နယ် အခွန်ရုံးများမှ ၀န်ထမ်းများက ရှောင်တခင် စစ်ဆေးနေကြောင်း သိရသည်။
‘‘ဆိုင်တော်တော်များများက အခွန်အမှတ်တံဆိပ်ကို ဂရုစိုက် ကပ်ပေးတယ်။ လူအရမ်းရှုပ်လာ တဲ့အချိန်မှာတော့ တစ်ခုတလေ လစ်ဟာသွားတာရှိတယ်။ လစ် ဟာမှုကိုတိုင်တာနဲ့တိုးပြီး အရေး ယူခံရတာတွေရှိတယ်’’ ဟု စား သောက်ဆိုင်လုပ်ငန်းရှင်များ အ သင်းဒုဥက္ကဋ္ဌ ဦးနေလင်းက ရှင်းပြ သည်။
ပုဂ္ဂလိကလုပ်ငန်းများသည် တစ်နှစ်လုံးရောင်းရငွေ ကျပ်သိန်း၂၀၀ မကျော်လျှင် ကုန်သွယ်လုပ်ငန်း ခွန်ပေးဆောင်ရန် မလိုကြောင်း ၂၀၁၅ ပြည်ထောင်စု အခွန်အ ကောက်ဥပဒေတွင် ပြဋ္ဌာန်းထား သည်။
Credit to >>>7 Day Daily

0 comments:

Post a Comment