Tuesday, July 14, 2015

မြောက်အမေရိက ရုံဝင်ငွေဇယားကို ဒေါ်လာ (၁၁၅)သန်း ကျော်ဖြင့် Minions ဦးဆောင်နေ

 

ယခုသီတင်းပတ် ကုန်ဆုံးရက်တွင် Minions ဇာတ်ကားသည် ရုံဝင်ငွေ ဒေါ် လာ(၁၁၅)သန်းကျော်ဖြင့် မြောက်အမေရိက ရုံဝင်ငွေဇယားကို ဦးဆောင်လျက်ရှိ နေသည်။ 

          Minions ဇာတ်ကား ထိုကဲ့သို့ လူကြိုက်များ ရုံဝင်ငွေများခြင်းသည်  မြောက်အမေရိက ရုံဝင်ငွေဇယားကို သီတင်းပတ်  ၄ ခုကြာ ဆက်တိုက် ဦးဆောင်ခဲ့သည့် Jurassic World ကို  ဒုတိယနေရာသို့ ကျဆင်းသွား စေခဲ့သည်။  ယခုသတင်းပတ် ကုန်ဆုံးရက်တွင် Jurassic World ဇာတ်ကားသည် ရုံဝင်ငွေဒေါ်လာ  (၁၈) သန်းကျော်ကိုသာ ရရှိခဲ့ပြီး ရုံဝင်ငွေဇယား၏ ဒုတိယနေရာသို့ ဆင်းပေးခဲ့ရခြင်းဖြစ်သည်။ ယခုသီတင်းပတ် ကုန်ဆုံးရက်  မြောက်အမေရိက ရုံဝင်ငွေဇယား တတိယနေရာတွင် ရပ်တည်နေသည့် ဇာတ်ကားမှာ Inside Out ဇာတ်ကားဖြစ်ပြီး ရုံဝင်ငွေဒေါ်လာ (၁၇)သန်းကျော်ကို ရရှိထားသည်။
          မင်းသားကြီးအာနိုး၏ ဇာတ်ကားသစ် Terminator :Genysis  မှာမူ  ရုံဝင်ငွေဒေါ်လာ (၁၃) သန်းကျော်ကိုသာ ရရှိထားပြီး ရုံဝင်ငွေဇယား  စတုတ္ထနေရာတွင် ရပ်တည်လျက် ရှိနေသည်။
          Minions ဇာတ်ကားသည်  အမေရိကန် ပြည်ထောင်စုတွင် ရုံတင်မပြသမီတွင် ဗြိတိန်တွင် ရုံတင်ပြသခဲ့သည့် အခါကလည်း  ဗြိတိန်ရုံဝင်ငွေ ဇယားထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့သေးသည်။ လာမည့် သီတင်းပတ်များတွင်လည်း Minions ဇာတ်ကားသည်  မြောက်အမေရိက ရုံဝင်ငွေဇယားကို ဆက်လက်ဦးဆောင်နိုင်မည်ဟု ရုံဝင်ငွေဇယား ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။
Credit to : Messenger News Journal

0 comments:

Post a Comment