Tuesday, July 14, 2015

သမ္မတနှင့် ဒု-သမ္မတများ ရွေးချယ်သည့် ဥပဒေပြင်ရန် လွှတ်တော်တင်ပြီ

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်အခွင့်အရေးကော်မတီက `နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း´ အား လွှတ်တော်သို့ တင်သွင်းမည်ဟု အစည်းအဝေးအစီအစဉ်တွင် ပါရှိလာသည်။

အစည်းအဝေးအစီအစဉ် အမှတ်စဉ်(၇)တွင် ပါရှိလာခြင်းဖြစ်ပြီး အဆိုပါ ပြင်ဆင်သည့်ဥပဒေကြမ်းအပေါ် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာကို လွှတ်တော်တွင် ဖတ်ပြမည်ဖြစ်သည်။
အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ရက်တွင်ပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာထားသည်။
Credit to : Mizimma

0 comments:

Post a Comment