Tuesday, July 14, 2015

ရန်ကုန်မြို့တွင်း ဝန်ဆောင်မှုပေးမည့် တက္ကစီကောလ်စင်တာလုပ်ငန်း မကြာမီစတင်မည်

ရန်ကုန်မြို့တွင်း ဝန် ဆောင်မှုပေးမည့် Taxi Call Center လုပ်ငန်းကို လာမည့်စက် တင်ဘာလဆန်းတွင် မြို့နယ် ၃၀ ၌ ကားအစီးရေ ၁၅၀၀ ထောင့်ငါးရာဖြင့် စတင်မည်ဟု သတင်းရရှိသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြော ကျပ်တည်းမှုလျော့နည်းစေရန် နှင့် ရေရှည်တည်မြဲသော အလုပ် အကိုင်များဖန်တီးပေးရန် Taxi Call Center လုပ်ငန်းကို စွန့်ဦး တီထွင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းစီမံကိန်းတာဝန်ခံ ဦးဝသာန်ထွန်း က ပြောသည်။
‘‘ဒီလုပ်ငန်းကို မြန်မာ့နည်း ဗျူဟာအတိုင်းပဲ ဆောင်ရွက်မှာ ပါ။ နိုင်ငံတကာက လုပ်နည်းတွေ ဖြစ်တဲ့ ဂျီပီအက်စ်စနစ်၊ မီတာ ဘောက်စ်စနစ်၊ စီစီတီဗီစနစ်တို့ ကို အခုအချိန်မှာ လုံးဝအသုံးမပြုပါဘူး။ TCC တက္ကစီယာဉ်စထွက်တဲ့ မှတ်တမ်းအရကိုပဲအသုံးပြုမယ်။ ဒီအတွက် ၁၀၀ ရာခိုင်နှုန်းမှန်ကန် ဖို့ယုံကြည်ပါတယ်’’ဟု ၎င်းက ပြောသည်။
Taxi Call Center လုပ်ငန်း သည် ခရီးသည်ဖုန်းဆက်ခေါ်ပါ က ကုမ္ပဏီက ယာဉ်စီးခဈေးနှုန်း ကို တစ်ပါတည်းသတ်မှတ်ပေး မည်ဖြစ်ပြီး တက္ကစီယာဉ်မောင်း နှင့် ညှိနှိုင်းစရာမလိုပေ။ ထို့ ကြောင့် သင့်လျော်သည့်ဈေးနှုန်း ဖြစ်စေရန် ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး ယာဉ်မောင်းက ယာဉ်စီးခဈေး နှုန်းတောင်းဆိုညှိနှိုင်းပါက လိမ်ညာမှုသာဖြစ်ကြောင်း ဦးဝသန် ထွန်းက ဆက်လက်ပြောသည်။
အဆိုပါ Taxi Call Center အသုံးပြုလိုသူများအနေဖြင့် TCC အသင်းဝင်မှတ်တမ်းစာအုပ်ကို ကုမ္ပဏီတွင် ဦးစွာပြုလုပ်ရမည် ဖြစ်သည်။ အသင်းဝင်စာအုပ်ပြု လုပ်ရာတွင် ယင်းကုမ္ပဏီမှထုတ် ပြန်ပေးမည့် ဖုန်းနံပါတ်သို့ ဆက် သွယ်၍ လိုအပ်သည့်အချက် အလက်များ ဖြည့်သွင်းကာ ကျပ် သုံးထောင်ပေးသွင်း၍ စာအုပ် ရယူထားရမည်ဖြစ်သည်။
TCC ဝန်ဆောင်မှုကို အသုံး ပြုမည်ဆိုပါက ခရီးသွားပြည်သူ များအတွက် လုံခြုံစိတ်ချရသည့် ဝန်ဆောင်မှုရရှိနိုင်ခြင်း၊ ယာဉ်စီးခ မှန်ကန်စွာပေးဆောင်ရမည်ဖြစ် ခြင်း၊ ဖုန်းဆက်ခေါ်ဆိုရုံဖြင့် အိမ် အရောက် ဝန်ဆောင်မှုပေးမည် ဖြစ်ခြင်းနှင့် ပရဟိတလုပ်ငန်းများ တွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက် နိုင်ခြင်းတို့ရရှိမည်ဟု TCC မှ သိရသည်။
‘‘တက္ကစီစီးသူတိုင်း Taxi Call Center က တက္ကစီကိုပဲစီးရ မယ်မဟုတ်ပါဘူး။ ဒါပေမဲ့ TCC တက္ကစီကိုစီးရင်တော့ ခရီးသည် တွေလုံခြုံစိတ်ချရမှု အပြည့်အဝ ဖြစ်စေမယ်။ ယာဉ်ကြောကျပ် တည်းမှုကို လျော့နည်းစေမယ်’’ ဟု ဦးဝသန်ထွန်းက ပြောသည်။
TCC တက္ကစီများသည် ခရီး သည် သွားလိုရာနေရာသို့သာပို့ ပေးပြီး ပုံမှန်တက္ကစီများကဲ့သို့ ခရီးသည်ရှာဖွေရန် လှည့်ပတ် မောင်းနှင်ခြင်းမရှိ၍ ယာဉ်ကြော ကျပ်တည်းမှုကို သက်သာစေမည် ဟု ဆိုသည်။
ထို့အပြင် အလုပ်အကိုင် အခွင့်အလမ်းများပေးအပ်သည့် အနေဖြင့် အခြေခံပညာအထက် တန်းအောင်မြင်ပြီးသူများနှင့် ဘွဲ့ ရရှိပြီးသူများသည် TCC ကုမ္ပဏီသို့ ယာဉ်မောင်းနှင့် ကုမ္ပဏီပိုင်း ဆိုင်ရာ လုပ်ငန်းများအတွက် လျှောက်ထားနိုင်ပြီး အခြေခံလစာ တစ်သိန်းနှစ်သောင်းနှင့် တစ်သိန်းရှစ်သောင်းအထိ ပေးမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ Taxi Call Center အသုံးပြုသူများအတွက် အာမခံ စနစ်ထည့်သွင်းပေးထားပြီး ၂၄ နာရီ ဝန်ဆောင်မှုပေးမည်ဖြစ် သည်။ Taxi Call Center မှ တက္ကစီများအဖြစ် သိသာစေရန် ရှေ့မှန်တွင် Taxi Call Center စတစ်ကာများတပ်ဆင်ပေးထား မည်ဖြစ်သည်။
ရန်ကုန်မြို့တွင် နေ့စဉ် တက္ကစီစီးသူဦးရေ သုံးသိန်းမှ ငါးသိန်းကြားရှိပြီး မထသ(ဗဟို) တွင် City Taxi မှတ်တမ်းတင် ထားသော ယာဉ်အစီးရေခြောက်သောင်းခန့် ရှိသည်။
Credit to : 7 Day Daily

0 comments:

Post a Comment