နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်တွင် ဇူလိုင် ၇ ရက် နံနက် က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး နောက် Elite ခရီးသည်တင်ယာဉ် လိုင်း ရန်ကုန်-နေပြည်တော် ခရီးစဉ်ပြေးဆွဲခွင့်ကို ယာယီပိတ်သိမ်းခဲ့ပြီး ဇူလိုင် ၁၅ ရက်တွင် ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။
‘‘ယာဉ်လိုင်း ပြန်လည်ပြေး ဆွဲခွင့်ပြုလိုက်ပြီဆိုတော့ ကျွန် တော်တို့ လာမယ့် သောကြာနေ့ မှာ ပြန်စပြေးဆွဲမှာပါ။ အချိန်က တော့ အရင်ပြေးဆွဲနေကျအချိန် အတိုင်းပါပဲ’’ဟု Elite ခရီးသည် တင်ပို့ဆောင်ရေးယာဉ်လိုင်းမှ ပြောရေးဆိုခွင့်ရှိသူ ကိုချမ်းငြိမ်း ဝင်းက ပြောသည်။
ယာဉ်မတော်တဆမှုဖြစ်စဉ် တွင် Elite ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်အသင်း ယာဉ် မောင်းတွင် အပြစ်မရှိသဖြင့် တရားစွဲအရေးယူခဲ့ခြင်းမရှိဘဲ ဆိုင်ကယ်စီးနင်းသူတွင်သာ အ ပြစ်ရှိသဖြင့် အရေးယူထားပြီး ယာဉ်လိုင်း ပြန်လည်ပြေးဆွဲခွင့်ပြု သင့်ကြောင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု နေပြည်တော် မော် တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်း သိမ်းရေးကော်မတီ(အဝေးပြေး) ၏အကြောင်းကြားစာ၌ ဖော်ပြထားသည်။
Elite ခရီးသည်တင်ယာဉ်နှင့် အမျိုးသမီးနှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်တို့ ဇူလိုင် ၇ ရက်က နေ ပြည်တော်တွင် ယာဉ်တိုက်မှုဖြစ် ပွားခဲ့ပြီး ဆိုင်ကယ်စီးနင်းလာ သည့်အမျိုးသမီးနှစ်ဦးစလုံး သေဆုံးသွားခဲ့သဖြင့် အထက်ပါခရီးစဉ်ကို ယာယီပိတ်သိမ်းခဲ့ခြင်းဖြစ် သည်။
ပြီးခဲ့သည့် မေလ ၃၁ ရက် နံနက်အစောပိုင်းတွင် ရန်ကုန်- မန္တလေးအမြန်လမ်း၊ မိုင်တိုင် (၃၅၇)၌ Elite ခရီးသည်တင် ယာဉ်တစ်စီးတိမ်းမှောက်ခဲ့၍ ခရီး သည်ငါးဦးသေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်- ပြင်ဦးလွင်ပြေးဆွဲနေသည့် Elite ယာဉ်လိုင်းကို ရာသက်ပန် ပိတ်သိမ်းခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွား ခဲ့ဖူးသည်။
Credit to >>> 7Day News
Thursday, July 16, 2015
မတော်တဆမှုဖြစ်၍ ယာယီပိတ်ထားသော ရန်ကုန်-နေပြည်တော် Elite ယာဉ်လိုင်းကိုပြန်လည် ပြေးဆွဲခွင့်ပြု
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment