Thursday, July 16, 2015

Eleven စီအီးအိုကို လုပ်ကြံသောအမှု သမ္မတရုံးက စိတ်ဝင်စား

Eleven Media Group အမှုဆောင်အရာရှိချုပ် မောင်း နှင်လာသောကားကို လူတစ်စုက လေးခွအသုံးပြု၍ ကုန်းသီးဖြင့် ပစ်သည့်အမှုအပေါ် သမ္မတရုံးမှ စိတ်ဝင်တစားဖြင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများထံသို့ မေးမြန်း ကြောင်း သတင်းရရှိသည်။

နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံးနှင့် တပ်မတော် တာ ၀န်ရှိသူအချို့က အဆိုပါအမှုဖြစ် စဉ် အသေးစိတ်ကို ရန်ကုန်မြို့ရှိ ရဲတပ်ဖွဲ့မှူးရုံးများသို့ တိုက်ရိုက် မေးမြန်းမှုများရှိကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ အမှုစစ်ရဲအရာရှိတစ်ဦးက ပြောသည်။‘‘အဲဒီကိစ္စ ဖြစ်နေတာကို ကျွန်တော်တို့သိတာနဲ့ အစိုးရအ ပေါ် အထင်အမြင်လွဲစရာဖြစ်မှာ စိုးလို့ လှမ်းမေးတာပါ။ ရဲတပ်ဖွဲ့ကဖမ်းနေပါပြီ။ မိတဲ့လူလည်း ဖမ်းမိ ထားပြီဆိုတော့ အဓိကကတော့ ဥပဒေအတိုင်း ဖြစ်စေရပါမယ်’’ ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။
Eleven Media Group ၏ အမှုဆောင်အရာရှိချုပ် (စီအီးအို)ဒေါက်တာ သန်းထွဋ်အောင် မောင်းနှင်လာသော Lexus ကားကို ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီခန့်တွင် လူငါးဦးပါသော အဖွဲ့မှ နှစ်ဦးက ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းနှင့် အာဇာနည်လမ်းထောင့်တွင် စောင့်ဆိုင်းပြီး လေးခွအတွင်း ကုန်းသီးထည့်ကာ နှစ်ပေခန့်အကွာမှ ပစ်ခတ်ခဲ့ကြသည်။ ပစ်ခတ်မှုကြောင့် ကားမှန်ထိခိုက်ခဲ့ပြီး ဒေါက်တာ သန်းထွဋ်အောင်မှာမူ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးမိထားသည့် ပြစ်မှု ကျူးလွန်သူ နှစ်ဦးကို အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် စစ်ဆေး ပြီးနောက် အချုပ်ရမန်ယူကာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့သို့ လွှဲအပ်လိုက်ကြောင်း သတင်းရရှိသည်။
‘‘မိထားတဲ့ နှစ်ယောက်ကို စစ်နေတာတော့ သိတယ်။ ကျွန် တော့်ဆီ တင်ပြချက်မရောက် သေးတော့ ကျွန်တော်မသိရသေး ဘူး’’ဟု ရန်ကုန်တိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှ ရဲမှူးကြီး ၀င်းဗိုလ်က ပြောသည်။ ယင်းကိစ္စကို The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးက ‘‘ဒါမျိုးကို ဘယ်သူလုပ်လဲ၊ ဒီနောက်ကွယ်မှာ သြဇာတိက္ကမကြီးသူ၊ ငွေကြေးတောင့်တင်းသူ၊ အာဏာကိုလက်မလွှတ်နိုင်သူတွေက ကျွန်တော်တို့ စီအီးအိုကို လုပ်ကြံတာဖြစ်မယ်။ အဓိကက အမှုမှန်ဖော်ထုတ်နိုင်ဖို့ အားလုံးနဲ့ ပူးပေါင်းမှုတွေ၊ တောင်းဆိုမှုတွေလုပ်မယ် မတရားတာရှိရင် တောင်းဆိုမယ်။ လုပ်သင့်လုပ်ထိုက်တာ မလုပ်ရင်ဥပဒေကြောင်းအရ ကန့်ကွက်မယ်။ အမှန်တရားပေါ်ပေါက်ဖို့ တွန်းအားပေးမယ်’’ဟု ပြောသည်။
အမှုဖြစ်ပွားစဉ်က ဗဟန်း မြို့မရဲစခန်းတွင် ဖွင့်ခဲ့သည့် ပုဒ်မ ကို ပြောင်းလဲလိုက်ခြင်းနှင့် ပတ် သက်၍ ဗဟန်းမြို့မရဲတပ်ဖွဲ့မှူး က ဖြစ်စဉ်နှင့် ဆီလျော်သော ပုဒ်မကို တပ်ပေးခြင်းဖြစ်ကြောင်း ရှင်း လင်းပြောကြားသည်။
‘‘အကျိုးဖျက်ဆီးမှုဖြစ်တဲ့ ပုဒ်မ ၄၄၀ ကို ဖြစ်စဉ်နဲ့ ကိုက်ညီ အောင် ပေးလိုက်တာ၊ ဖြစ်စဉ်နဲ့ မဆီလျော်လို့ တခြားပုဒ်မတွေကို မတပ်တော့ဘူး’’ဟု ဗဟန်းမြို့မ ရဲစခန်းမှူး ရဲမှူးခင်မောင်ကြည်က ပြောသည်။
ပြစ်မှုကျူးလွန်သူများအနက် သန်လျင်မြို့နယ်၊ ဘုရားကုန်း ကျေးရွာတွင် နေထိုင်သူ အသက် (၂၈) နှစ်အရွယ် ရန်နိုင်ကို ဇူလိုင်၁၄ ရက် ည ၉ နာရီကျော်တွင် သာ ကေတမြို့နယ်၊ မြို့မ ၈ လမ်း၌ ပြစ်မှုကျူးလွန်စဉ်က ယာဉ်နှင့် အတူ ဖမ်းမိခဲ့သည်။ ထို့နောက် ယင်းအမှုကို အတူကျူးလွန်ခဲ့သူ သာကေတမြို့နယ်၊ အမှတ် (၃) ရပ်ကွက်တွင် နေထိုင်သူ အသက် (၂၇) နှစ်အရွယ် မျိုးမြင့်အောင်ကို မြောက်ဥက္ကလာပမြို့နယ်ရှိ တည်းခိုခန်းတစ်ခု၌ ဇူလိုင် ၁၅ ရက် နံနက် ၈ နာရီက ဖမ်းမိခဲ့ပြီး ၎င်းတို့ကို ဆက်လက်စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
  Credit to >>>7Day Daily

0 comments:

Post a Comment