ကမ္ဘာ့ရတနာဘဏ်က လာမည့်နှစ်အနည်းငယ်အတွင်း ဘဏ်ခွဲများတိုးချဲ့ဖွင့်လှစ်ခြင်းထက်မော်ဒန်
ဘဏ်လုပ်ငန်းစနစ်လုပ်ဆောင် နိုင်ရန်ရည်မှန်းထားကြောင်း ဘဏ်၏ ဒုတိယ
ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက အဆိုပါရုံးချုပ်တွင် မြန်မာတိုင်း(မ်) နှင့်တွေ့ဆုံစဉ်
ပြောသည်။
ငွေပေးချေမှုကတ်များ ထုတ်ဝေခြင်း အပါအ၀င် အီလက်ထရွန်းနစ်ဘဏ်လုပ်ငန်း နှင့်
core banking စနစ်များ စတင်နိုင်ရန် ရည်မှန်းထားကြောင်း ၎င်းကပြောသည်။
ဗီယက်နမ်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်းစသော နိုင်ငံဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်ရန်
နိုင်ငံခြားဘဏ်လုပ်ငန်းနှင့် နိုင်ငံခြား ငွေလွှဲလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရန် သဘောတူ
ညီထားကြောင်း လည်း ဦးဇော်ဝင်းက ပြောသည်။ ကုန်သည်လမ်းနှင့် ရွှေဘုံသာလမ်းထောင့်တွင်
တည်ရှိသော ဘဏ်ရုံးချုပ်သည် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီး၏ ခွင့်ပြုချက်ဖြင့် နေပြည်တော်သို့ ပြောင်းရွှေ့သွားသော မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်
အဆောက်အအုံဟောင်းနေရာကို ငှားရမ်း ကာ အနည်းငယ်ပြန်လည်ပြုပြင်ထားခြင်း ဖြစ်ပြီး
အစိုးရရုံးများနည်းတူ လည်ပတ်လျက်ရှိကာ ဘဏ်ခွဲတစ်ခုလျှင် ၀န်ထမ်း ဦးရေ ၁၂ ဦးဝန်းကျင်နှင့်သာ
လည်ပတ် လျက်ရှိသည်။
ယခင်က မြန်မာ့မွေးမြူရေးနှင့် ရေ လုပ်ငန်းဖွံ့ဖြိုးရေးဘဏ်ကို ၀န်ကြီးဌာန အောက်မှ ခွဲထွက်ကာ
ကမ္ဘာ့ရတနာအများပိုင်ဘဏ်အဖြစ်သို့ ၂၀၁၃ ခုနှစ်က ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၀န်ကြီးဌာနကမူ
ကျေးလက်ဖွံ့ဖြိုးရေးဘဏ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ "ခေတ်မီဘဏ်စနစ်သွားနိုင်ဖို့
အိုင်တီ ပညာရှင်တွေ၊ ကျွမ်းကျင်လုပ်သားတွေ ပြန်ပြီးစုဆောင်းနေပါတယ်။ အရင်နှစ်တွေ
တုန်းက လုပ်သားပြောင်းရွှေ့မှုတွေကြုံတွေ့ ပြီး ၀န်ထမ်းဦးရေ နည်းလာတာကြောင့်ပါ။
တစ်ချိန်တည်းမှာပဲ နိုင်ငံခြားဘဏ်တွေနဲ့ ဆက်သွယ်မှုကွန်ရက် ကျယ်လာဖို့လည်း
ဆောင်ရွက်နေပါတယ်"ဟု ၎င်းကပြောသည်။ လက်ရှိတွင် ဘဏ်ခွဲပေါင်း ၁၀၆ ခု ဖွင့်လှစ်ထားကာ
၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ဘဏ်ခွဲ ၁၅၀ အထိဖွင့်လှစ်နိုင်ရန်ရည်မှန်းထားပြီး
ဘဏ်ခွဲအများဆုံးဖွင့်လှစ် ထားသော ပြည်တွင်း ဘဏ်များအနက် စတုထ္ထမြောက်ဘဏ်ဖြစ်သည်။
"ဘဏ်ဝင်ငွေက ငွေလွှဲလုပ်ငန်းတွေက နေ အဓိကရနေတာဆိုတော့ ဘဏ်ခွဲများ များ ဖွင့်ဖို့လိုတယ်။
ဒါပေမဲ့ ဒီနှစ်ထဲမှာ စဉ်းစားထားတာက ဘဏ်ခွဲဖွင့်ဖို့အပြင် အိုင်တီပိုင်းတွေတိုး တက်အောင်
ကျွမ်းကျင် လုပ်သားတွေခန့်ပြီး ၀န်ဆောင်မှုတွေ ပိုပေး နိုင်အောင်လည်း ရည်မှန်းထားတယ်"ဟု
၎င်းကပြောသည်။
ယမန်နှစ်က စတင်၍ ဘဏ်အပ်ငွေအတိုးနှုန်းများမြှင့်တင်ပေးခြင်း၊ ဘဏ်ငွေလွှဲခများ လျှော့ပေးခြင်း
စသည်တို့ကို ပြည်တွင်းဘဏ်အချင်းချင်း အပြိုင်အဆိုင် ပြုလုပ်လာခြင်းကြောင့် အမြတ်အစွန်း
လျော့နည်းလာမှုများရှိကြောင်း ဦးဇော်ဝင်း က ပြောသည်။ ခွင့်ပြုမတည်ငွေရင်း ကျပ် ၇၀
ဘီလျံနှင့် အစုရှယ်ယာတစ်စုလျှင် ကျပ် ငါးသိန်းဖြင့် အစုရှယ်ယာပေါင်း ၁၄၀,၀၀၀ သတ်မှတ်
ထားပြီးဖြစ်သည်။ ၂၀၁၅ ခုနှစ်မတ်လကုန် အထိ ကျပ် ၅၄ ဘီလျံကျော် အစုရှယ်ယာ
ရောင်းချပြီးဖြစ်သည်။ လက်ရှိတွင် ဒါရိုက်တာအဖွဲ့ဝင် ၁၉ ဦး နှင့် လုပ်ဆောင်လျက်ရှိသော်လည်း
အသစ် ထွက်ရှိလာမည့် ငွေကြေးအသင်းအဖွဲ့များ ဥပဒေတွင် ဒါရိုက်တာအရေအတွက်ကို ငါးဦးက
ရှစ်ဦးအထိသာ ထားရှိရမည်ဖြစ် သောကြောင့် အရေအတွက် လျှော့ချသွား မည်ဖြစ်ကြောင်း
၎င်းကပြောသည်။
"အများပိုင်ဘဏ်အဖြစ်ပြောင်းပြီးတဲ့နောက်ပိုင်း ရှယ်ယာတွေထုတ်ရောင်းတဲ့အခါမှာ နယ်ပယ်
အသီးသီးကစီးပွားရေးလုပ်ငန်းရှင်တွေက ရှယ်ယာတွေဝယ်ကြ ပါတယ်။ ရေလုပ်ငန်းရှင်တွေလည်း
အတော် များများဝယ်ကြတာမျိုးရှိတယ်"ဟု ၎င်းက ပြောသည်။ ယခင်ဝန်ကြီးဌာနဟောင်း ဖြစ်သော
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန အောက်တွင် လုပ်ကိုင်ခဲ့သော ဘဏ် ဖြစ်သည့်အတွက်
ရေလုပ်ငန်းကဏ္ဍသို့ ချေးငွေမှာ ဘဏ်၏နှစ်ပတ်လည် အစီရင်ခံ စာအရ ၃၀ ရာခိုင်နှုန်းအထိ
ရှိနေသည်။
ကမ္ဘာ့ရတနာဘဏ်သည် အများပိုင်ဘဏ်အဖြစ် ပြောင်းလဲပြီးနောက်ပိုင်း ၂၀၁၃-၁၄ ဘဏ္ဍာနှစ်၏
ဝင်ငွေခွန်အများဆုံး ထမ်းဆောင်သူများစာရင်းတွင် နံပါတ်ငါးနေရာတွင် ရှိခဲ့သည်။ "မွေးရေဘဏ်
ကနေ အခုအများပိုင်ဘဏ်ဖြစ်လာတဲ့ကွာခြားမှုကတော့ တစ်ခုခုလုပ်မယ်ဆို ရှယ်ယာရှင်တွေ
အတွက် အဓိကထားစဉ်းစားလာရတယ်"ဟု ၎င်းကပြောသည်။
Credit to >>>MyanmarTimes News
Wednesday, July 15, 2015
ခေတ်မီဘဏ်လုပ်ငန်းစနစ်များတိုးချဲ့ရန်ကမ္ဘာ့ရတနာဘဏ်လုပ်ဆောင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment