Wednesday, July 15, 2015

အမေရိကန်ဒေါ်လာနှင့် ဂျပန်ယန်းဈေးမြင့်တက်နေခြင်းကြောင့် ကားဈေးနှုန်း ဆက်လက်မြင့်တက်နိုင်

 
 အမေရိကန် ဒေါ်လာနှင့် ဂျပန်ယန်းဈေးမြင့် တက်နေ
ခြင်းကြောင့် ရန်ကုန်ကားဈေးကွက် အတွင်း ကားတင်သွင်းမှုများလျော့ နည်းကာ ကားဈေးနှုန်းများဆက်လက်မြင့်တက်နိုင်ကြောင်းကားတင် သွင်းရောင်းချသူများထံမှ သိရသည်။


ဒေါ်လာဈေးမြင့်တက်နေသည့် အပြင် ယခင်ကမြန်မာငွေကျပ်တစ် သိန်းလျှင် ဂျပန်ယန်း၁၀၀၀ဝကျော် ဖြစ်သော်လည်း မြန်မာငွေတန်ဖိုး ကျဆင်းလာကာ လက်ရှိတွင် မြန်မာ ငွေကျပ်တစ်သိန်းလျှင် ဂျပန်ယန်း ၉၈၀ဝသို့ ရောက် ရှိနေသောကြောင့် ဂျပန်လေလံဈေး မြင့်တက်သွား ကြောင်း သိရသည်။

ပြည်ပနိုင်ငံများမှ ပြည်တွင်း သို့ မော်တော်ယာဉ်များတင်သွင်းခြင်းနှင့် အခွန်ပေးဆောင်ခြင်းတို့တွင် ကန်ဒေါ်လာပေါက်ဈေးအတိုင်း ပြည် တွင်းသုံးကျပ်ငွေဖြင့် ပေးဆောင်ရ ခြင်းကြောင့် ကန်ဒေါ်လာဈေးနှုန်း များ မြင့်တက်ပါကတင်သွင်းခြင်းနှင့် ပေးဆောင်ရသည့် အခွန်စရိတ်မြင့် မားခြင်းတို့ကြောင့် လက်ရှိဈေးကွက် အတွင်း ကားတင်သွင်းမှုလျော့နည်း သွားခြင်းဖြစ်ကြောင်း ယင်းတို့ကဆိုသည်။

အောင်ကမ္ဘာကားအရောင်းစင်တာမှ ကိုငယ်က''ကားတင်သွင်းတဲ့ အခါမှာ ကားအင်ဂျင်ပါဝါပေါ်မူ တည်ပြီး CIF တန်ဖိုးနဲ့ဒေါ်လာဈေး နဲ့မြှောက်၊ ကျလာတဲ့ဒေါ်လာငွေကို မြန်မာကျပ်ငွေနဲ့လဲပြီးပေးသွင်းရတာ ပါ။ အခုဒေါ်လာဈေးတက်တော့ ကားတင်သွင်းမှုတွေက လျော့သထက် လျော့ လာတယ်။ တချို့လုပ်ငန်းရှင် တွေဆိုရင် ကားတင်သွင်းတာကို ရပ် ထားတယ်''ဟုပြောသည်။

ဈေးကွက်အတွင်း ဒေါ်လာဈေး မြင့်တက်ခြင်းကြောင့်အခွန်နှုန်းများ ပါမြင့်တက်လာခြင်းကြောင့် ကားဈေး နှုန်းများပါ ၅သိန်းဝန်းကျင် တက် သွားကာ အရောင်းအဝယ်များအေး နေခြင်းဖြစ်ကြောင်း သိရသည်။

လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်း မှ ဝါရင့်ကားဝယ်ရောင်းလုပ်ကိုင် သူဦးကျော်က''ဒေါ်လာဈေးမြင့်တော့ ဌာနဆိုင်ရာအခွန်ကလဲမြင့်သွား တာ ပေါ့။ ကညနကို ၁၂၀ဝဆောင်ရတယ်။ အခွန်ဈေးမြင့်တော့ ကားတင်သွင်း မှုတွေ လျော့လာတဲ့အထိကို ရောက် လာတယ်။ ဩဂုတ်၁ရက် ၂ရက်ဆို ပိုပြီး သိသာလာမယ်။ အရောင်းဝယ် က အေးတယ်''ဟု ပြောသည်။

ရန်ကုန်ကားဈေးကွက်တွင်ကား အရောင်းစင်တာများနှင့်တစ်ပိုင် တစ်နိုင် ကားဝယ်ရောင်းများအနေ ဖြင့်မကြာခဏပြောင်းလဲနေသည့် မော်တော် ယာဉ်တင်သွင်းမှုဆိုင်ရာ မူဝါဒများကြောင့်လည်း လက်ရှိ တွင် ကားတင် သွင်းမှုများရပ်ဆိုင်း ထားကြောင်း သိရသည်။
Credit To >>> Democracy News

0 comments:

Post a Comment