Wednesday, July 15, 2015

မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅၆ ဘီလီယံကျော်ရှိလာပြီး တရုတ်၊ ထိုင်း၊ စင်ကာပူနိုင်ငံတို့က အများဆုံး ရင်းနှီးမြှုပ်နှံထား

 
 မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅၆ ဘီလီယံကျော် ( ကန်
ဒေါ်လာ ၅၆,၆၁၈ သန်း ) ရှိလာပြီး တရုတ်၊ ထိုင်း၊ စင်ကာပူ နိုင်ငံတို့က အများ ဆုံး ၀င်ရောက် ရင်းနှီးမြှုပ်နှံထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာနရဲ့ ရင်းနှီးမြှုပ်နှံမှု စာရင်းတွေအရ သိရပါတယ်။


၁၉၈၈ ခုနှစ်မှ ၂၀၁၅ ဇွန်လကုန်အထိ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှု ၀င်ရောက် ထားတဲ့ နိုင်ငံပေါင်း ၄၁ နိုင်ငံရှိပြီး အဲဒီနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏဟာ ကန်ဒေါ်လာ ၅၆ ဘီလီယံကျော် ရှိလာတာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ကန်ဒေါ်လာ ၁၄,၇၇၈ သန်းနဲ့ အများဆုံး ရင်းနှီးမြှုပ်ထားပြီး
မြန်မာနိုင်ငံကို ၀င်ရောက်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်းရဲ့ ၂၆ ရာ ခိုင်နှုန်း ရှိပါတယ်။

ထိုင်းနိုင်ငံက ကန်ဒေါ်လာ ၁၀,၂၈၅ သန်းနဲ့ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံ ထားပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစု ပေါင်းရဲ့ ၁၈ ရာခိုင်နှုန်းကျော် ရှိပါတယ်။

စင်ကာပူနိုင်ငံက ကန်ဒေါ်လာ ၁၀,၂၄၉ သန်းနဲ့ တတိယ အများဆုံးရင်းနှီး
မြှုပ်နှံထားပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရဲ့ ၁၈ ရာခိုင်နှုန်းမှာ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ဟောင်ကောင်က ကန်ဒေါ်လာ ၇,၁၇၆ သန်း ရင်းနှီးမြှုပ်နှံ ထားပြီး အာရှနိုင်ငံတွေဖြစ်တဲ့ တောင် ကိုရီးယားက ကန်ဒေါ်လာ ၃,၃၇၆ သန်း၊ မလေးရှားက ကန်ဒေါ်လာ ၁,၆၅၇ သန်း၊ အိန္ဒိယက ကန်ဒေါ်လာ ၇၂၇ သန်း၊ ဗီယက်နမ်နိုင်ငံက ကန်ဒေါ်လာ ၆၈၈ သန်း အသီးသီးရင်းနှီးမြှုပ်နှံ ထားကြပါတယ်။

ဥရောပနိုင်ငံတွေထဲမှာ ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံမှာ ကန်ဒေါ်လာ ၄,၀၅၁ သန်းနဲ့ အများဆုံး ရင်းနှီးမြှုပ်နှံထားကာ နယ်သာလန်က ကန်ဒေါ်လာ ၉၈၁ သန်း၊ ပြင်သစ်က ကန်ဒေါ်လာ ၅၄၁ သန်း ရင်းနှီးမြှုပ်နှံထား ပါတယ်။

ဒီဘဏ္ဍာနှစ် သုံးလတာအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုမှာ ကန်ဒေါ်လာ ၂,၃၈၀ သန်းရှိပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံတွေ အများဆုံး ၀င်ရောက်ထားပါတယ်။
Credit >>> SFJ News

0 comments:

Post a Comment