Wednesday, July 15, 2015

အကျဉ်းကျနေသည့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ အဝေးသင်တက္ကသိုလ် တက်ရောက်ခွင့်ရတော့မည်

 
ရန်ကုန်၊ ဇူလိုင် ၁၄-ပညာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ လာမည့် ပညာသင်နှစ်မှစတင်ကာ အကျဉ်းကျတက္ကသိုလ်ဝင်တန်း အောင်မြင်သူများကို အဝေးသင်တက္ကသိုလ် တက်ရောက်ခွင့်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။


ယခုနှစ်တက္ကသိုလ်ဝင်တန်းတွင် အကျဉ်းထောင်များမှ ဖြေဆိုအောင်မြင် ခဲ့သောသူများသည် အ ဝေးသင်တက္ကသိုလ် တက်ရောက်ခွင့် ကို လျှောက်ထားမည်ဆိုပါကလက် ခံပေးသွားမည်ဖြစ်ပြီး တက်ရောက် မည့်သူများကို အဝေးသင်တက္ကသိုလ် မှ ဆရာ၊ ဆရာမများက အကျဉ်းထောင် တွင် တက်ရောက်ရမည့်ပုံစံများကို သွားရောက်ရှင်းလင်းပေးမည်ဖြစ်သကဲ့သို့ စာမေးပွဲဖြေဆိုချိန်တွင် သွားရောက်စစ်ဆေးခြင်းများ၊ ကျောင်းတက်ရမည့် အချိန်တွင် စာသင်ကြား ပေးခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်အဝေး သင်တက္ကသိုလ်မှသိရသည်။

''ပညာရေးဝန်ကြီးလမ်းညွှန် ချက်အရ ဒီကိစ္စကို အကောင်အထည် ဖော် တာဖြစ်ပါတယ်။ အကျဉ်းကျ နေတဲ့ ဆယ်တန်းအောင်တဲ့ကျောင်း သားတွေကို အဆင့်မြင့်ပညာရပ်တွေ ကိုသင်ကြားပေးပြီး နိုင်ငံအတွက်အ ကျိုးပြုနိုင်မယ့် သူတွေဖြစ်လာအောင် ဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်။ နိုင်ငံတကာအဝေး သင်တက္ကသိုလ်တွေမှာလည်း ဒီလိုဆောင်ရွက်နေကြပါတယ်။ အကျဉ်း ကျနေပေမယ့် သူတို့ရဲ့အခွင့်အရေးတွေကို ဆုံးရှုံးခြင်းမရှိ အောင် ဆောင် ရွက်ပေးခြင်းဖြစ်ပါ တယ်''ဟု ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာလှတင့် က ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြောသည်။

လက်ရှိတွင် အဝေးသင်တက္က သိုလ်များသည် မသန်စွမ်းသူများ တက္က သိုလ်ဝင်တန်းအောင်မြင်ပြီး အဝေးသင်တက္ကသိုလ်များတက်ရောက်ပြီး ပညာသင်ကြားနိုင်စေရန် ကိုလဲဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘွဲ့ရရှိသူများလဲရှိခဲ့ကြောင်း၊ ယခုကဲ့ သို့ အကျဉ်းကျနေသူများကိုပါ သင် ကြားမည်ဆိုပါက နိုင်ငံတကာအဝေး သင် တက္ကသိုလ်များ၏ သင်ကြားပုံ သင်ကြားနည်းများအတိုင်းတူညီသ လောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

''သူတို့လျှောက်ထားရင် ကျောင်း တွေရဲ့ လက်ခံနိုင်မှုအတိုင်း လက်ခံပေး သွားပါမယ်။ စာသင်ချိန်တွေဆို ရင်သူတို့ရှိတဲ့ အကျဉ်းထောင်တွေ မှာ သွားရောက်သင်ကြားပေးပါမယ်။ စာမေးပွဲလဲစစ်ပေးရပါမယ်၊ အဆိုင်း မန့်ဖြေပုံဖြေနည်းတွေကိုလဲ ဆရာ တို့ သေချာသွားရှင်းပြပေးမှာပါ။ အဲဒီကိစ္စတွေကိုလဲ ဝန်ကြီးလမ်းညွှန် ပါလိမ့်မယ်။ ဝန်ကြီးလမ်းညွှန်ချက် အတိုင်းဆောင်ရွက်ပေးသွားပါမယ်'' ဟုဒေါက်တာလှတင့်က ထပ်မံပြော သည်။

ယင်းကဲ့သို့ အကျဉ်းကျနေသူများ အဝေးသင်တက္ကသိုလ်တက်ရောက် ခွင့်ရရှိရေးအတွက် အကျဉ်း ဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ရန်ကုန်အဝေးသင် တက္ကသိုလ်လက်အောက်တွင် အ ဝေးသင်ဌာနခွဲပေါင်း ၁၅ ခုရှိပြီး မန္တလေးအဝေးသင်တက္ကသိုလ် လက်အောက်တွင် ဌာနခွဲပေါင်း ၂၀ ရှိကြောင်း၊ နှစ်စဉ်တက္ကသိုလ် ဝင်တန်း အောင်မြင်သူနှင့် နှစ်ကျကျောင်း သားစုစုပေါင်းတစ် သိန်းခြောက် သောင်းကျော်ကို ဝင်ခွင့်ပေးလျက် ရှိကြောင်းသိရသည်။
Credit >>> Democracy

0 comments:

Post a Comment