
3G ကွန်ရက်၏ အရည်အသွေးနှင့် အင်တာနက်မြန်နှုန်း တိုးမြှင့်သွားရန် အစိုးရထံမှ Spectrum (လှိုင်းနှုန်း)အသုံးပြုခွင့် တိုးချဲ့ဝယ်ယူသွားရေး အမေရိကန်ဒေါ်လာ ၇၅ သန်း အသုံးပြုမည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ သတင်းရရှိသည်။
လက်ရှိတွင် တယ်လီနော အနေဖြင့် မြန်မာနိုင်ငံ၌ ဆက် သွယ်ရေးကဏ္ဍအတွက် ကန်ဒေါ် လာ ၅၀၁ သန်း ရင်းနှီးမြှုပ်နှံထား ပြီး ယခုထပ်မံအသုံးပြုမည့် ကန် ဒေါ်လာ ၇၅ သန်းမှာ Spectrum လှိုင်းနှုန်း 2.1 Ghz ကို တိုးချဲ့ရန် ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘တယ်လီနောရဲ့ ကွန်ရက် က အရင်ကထက် တိုးတက်လာ တယ်ဆိုပေမယ့် လုံလောက်တဲ့ ကောင်းမွန်မှုတော့ မရှိသေးပါ ဘူး။ အခု Spectrum လှိုင်းနှုန်း တိုးချဲ့တာကလည်း 3G ကွန်ရက် တွေ ပိုကောင်းလာအောင်လို့ ဖြစ် ပါတယ်’’ဟု ပီတာဖာဘတ်ခ်ျက ပြောသည်။
လက်ရှိတွင် တယ်လီနောအ နေဖြင့် ပြည်နယ်နှင့် တိုင်း ၁၁ ခု တွင် မိုဘိုင်းတာဝါပေါင်း ၂,၃၀၀ စိုက်ထူထားပြီး ယခုနှစ်ကုန်တွင် တာဝါတိုင် ၃,၅၀၀ မှ ၄,၀၀၀ အထိ စိုက်ထူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Credit to >>> 7 Day News Journal
0 comments:
Post a Comment