Wednesday, July 8, 2015

၂၀၁၅ အထွေထွေရွေးကောက်ပွဲများကို နိုဝင်ဘာ ၈ ရက်တွင်ပြုလုပ်မည်

 ၂၀၁၅ အထွေထွေရွေးကောက်ပွဲများကို နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


"တရားဝင်စာတော့မရောက်သေးဘူး။ သို့သော်လည်း ဒီက ကျွန်တော်တို့ဆီက အစည်းအဝေးသွားတက်တဲ့ ရွေးကောက်ပွဲအရာရှိ ပြန်ပြီးပြောတာတော့ဟုတ်ပါတယ်။ ၈ ရက်နေ့လုပ်မယ်လို့ပြောပါတယ်" ဟု ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးကျော်ဝင်းမောင်က ဇူလိုင် ၈ ရက်တွင် အတည်ပြုပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် သတင်းထုတ်ပြန်ရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက “နိုဝင်ဘာ ၈ ရက်မှာ လုပ်မယ်ဆိုတာ ဟုတ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ၀က်ဘ်ဆိုဒ်မှာ ဒီနေ့ ထုတ်ပြန်တဲ့ သတင်း တင်ပေးမယ်” ဟု ဇွန် ၈ ရက် ညနေ ၄ နာရီတွင် အတည်ပြု ပြောကြားသည်။

ရွေးကောက်ပွဲကျင်းပမည့်ရက် သတ်မှတ်နိုင်ရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ အစည်းအဝေးကို ဇူလိုင် ၈ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သည်ဟု ၄င်းက ပြောကြားသည်။
Credit to>>>Eleven Media Group

0 comments:

Post a Comment