
ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ ပထမအဆင့် ပြီးဆုံးခဲ့ပါပြီ။ အထူးသဖြင့်သမ္မတအရည်အချင်း သတ်မှတ်ချက်ပုဒ်မများမှာ မပြင် ဆင်နိုင်ခဲ့ပါ။ ပုဒ်မ ၅၉ (စ) ကို မပြင်ဆင်နိုင်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မလာနိုင်တော့ဟု ဆိုနိုင်၏။
ထို့အ တူပင် လျှင်သမ္မတဦးသိန်းစိန် နှင့် လက်ရှိတပ်မတော်ကာကွယ် ရေးဦးစီးချုပ်တို့အား သမ္မတဖြစ် မလာနိုင်ရန်ဟန့် တားမည့်” သမ္မတ နှင့် ဒုသမ္မတများသည် ရွေးကောက် ခံဖြစ်ရမည်” ဆိုသည့်အချက်ကို လည်း ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် လက် ရှိဖွဲ့စည်းပုံအရဆိုပါက သမ္မတသည် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်ဖြစ်စရာမလိုပေ။
ယခုကဲ့သို့ မပြင်ဆင်နိုင်သည့် အတွက် ၂ဝ၁၅ ရွေးကောက်ပွဲ အလွန် မည်သူ သမ္မတ ဖြစ်လာ မလဲဆိုသည်မှာ စိတ် ဝင်စားစရာ ဖြစ်လာခဲ့သည်။ ရှုပ်ထွေးမှုတွေလည်း ရှိလာတော့မည် ဖြစ်သလို ပြိုင်ဆိုင်မှုလည်း ပြင်းထန်လာ မည်ဖြစ်သည်။ ပြိုင်ဆိုင်မှု ပြင်းထန်ရာမှ ပွတ်တိုက်မှုတွေ ဖြစ်လာနိုင်သည်။ အခုပင်စနေပါပြီ။ နိုင်ငံရေး လေ့လာသူများ၏ တွက်ချက်မှုအရ ၂ဝ၁၆ ခုနှစ်တွင် သမ္မတဖြစ်နိုင်သူလေးဦးရှိပါသည်။ ထိုသူတို့မှာ လက်ရှိသမ္မတ ဦးသိန်း စိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ သူရ ဦးရွှေမန်းနှင့် တပ် မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဖြစ်သည်။ ၅၉ (စ)ကို မပြင်နိုင်သည့်အ တွက်ဒေါ်အောင် ဆန်း စုကြည်သမ္မတ ဖြစ်နိုင်ရေးမှာပျက်ပြယ်ခဲ့ပါပြီ။ထို့ကြောင့် လက်ရှိသမ္မတဦးသိန်းစိန်၊ သူရဦးရွှေမန်းနှင့်တပ်မတော်ကာ ကွယ်ရေးဦးစီး ချုပ်တို့သာ ကျန်တော့သည်။ သမ္မတ ဦးသိန်းစိန်အနေဖြင့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးမခံတော့ ဟု သူနှင့် နီးစပ် သူများကအတိအကျ ပြောဆိုကြသည်။ သမ္မတ ဘက်မှ ပါတီသို့ပေးပို့သည့် ၂ဝ၁၅ ခုနှစ် တွင်ပြည်ခိုင်ဖြိုးပါတီက ဝင်ရောက် အရွေးခံမည့် လူစာရင်းတွင်လည်း သူမပါတော့ဟုသတင်းများ ကြား နေရသည်။သို့သော်ဖွဲ့စည်းပုံမပြင် နိုင်ခဲ့သဖြင့် ဦးသိန်းစိန်အနေဖြင့် သမ္မတဖြစ် ရန် ရွေးကောက်ပွဲဝင် စရာမလိုတော့ပေ။
လက်ရှိသမ္မတ ဦးသိန်းစိန်က ဒုတိယသက်တမ်းနှင့် ပတ်သက်၍ မြန်မာပြည်အခြေအနေ၊ မြန်မာ ပြည်သူတို့၏ ဆန္ဒအပေါ် မူတည် ပြီးဆုံးဖြတ်သွားမှာဖြစ်သလို မြန်မာ ပြည်သူတွေ ဆန္ဒရှိခဲ့မည်ဆိုပါက အလေးအနက်ထား စဉ်းစားမည်ဟု NHK သတင်းဌာနနှင့် မကြာသေးမီက အင်တာဗျူးတွင် ပြောကြားလိုက်ပြန်သည်။ ထို့ကြောင့် ဦးသိန်းစိန်အနေဖြင့် ရွေးကောက် ပွဲ မဝင်သည့် တိုင် ဒုတိ ယသက်တမ်း ဆက်လုပ်ဖို့တော့ ဆန္ဒရှိနေသေးပုံရကြောင်း ခန့်မှန်းရသည်။ တပ်မတော်ကို ကျောထောက် နောက်ခံ ထား၍ ဝင်ရော က် ယှဉ် ပြိုင်ရန် စီစဉ်နေကြသူများရှိကြောင်း လည်းသိရသည်။
Credit to>>>Popular Myanmar News Journal
Wednesday, July 8, 2015
" မြန်မာပြည်နှင့် သမ္မတလောင်း ပြဿနာ "
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment