Monday, July 20, 2015

တစ်နိုင်ငံလုံး အပစ်ရပ်ဆွေးနွေးပွဲသို့ ‘၀’၊ မိုင်းလား၊ နာဂနှင့် ရှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့များကို ဖိတ်ကြားမည်


ဇူလိုင် ၂၂ ရက်တွင် ပြု လုပ်မည့် တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး ဆွေးနွေးပွဲတက် ရောက်ရန် ‘၀’(UWSP)၊ မိုင်းလား (NDAA) ၊ နာဂ(NSCN-K) နှင့် ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) တို့ကို ဖိတ်ကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မ တီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ် နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD) ၏(၈) ကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲ ကို ရန်ကုန်မြို့၌ ပြုလုပ်မည် ဖြစ် သည်။
ယင်းဆွေးနွေးပွဲတွင် တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)  ၌ မပါဝင်သည့် ‘၀’ပြည်သွေး စည်းညီညွတ်ရေးတပ်မတော် (UWSP /UWSA) ၊ မိုင်းလားအဖွဲ့ (NDAA) ၊ နာဂအမျိုးသားဆိုရှယ် လစ်ကောင်စီ(NSCN-K) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA) တို့ကိုအစိုးရနှင့် ညှိနှိုင်း၍ လေ့လာသူအဖြစ် ဖိတ်ခေါ်မည်ဖြစ်ကြောင်း SDဒုအဖွဲ့ခေါင်းဆောင်(၂) ပူးဇင် ကျုံးက ပြောသည်။
‘‘အစိုးရဘက်က လက်ခံရင် NCCT မှာ မပါတဲ့အဖွဲ့တွေရယ် နိုင်ငံတကာ အဖွဲ့အစည်းတွေကို လေ့လာသူအဖြစ် ဖိတ်သွားမှာပါ။ နှစ်ဖက်ကြိုးစားနေဆဲ အနေအ ထားပါ’’ဟု ပူးဇင်ကျုံးက ဆို သည်။ ယင်းအဖွဲ့လေးဖွဲ့အနက် RCSS/SSA မှလွဲ၍ ကျန်အဖွဲ့များအနေဖြင့် ယခင်ပြုလုပ်ခဲ့သည့် NCCT ထိပ်သီးအစည်းအဝေးများ နှင့် အစိုးရနှင့် NCCT ဆွေးနွေးပွဲ  အများစုတွင် တက်ရောက်လေ့ မရှိကြပေ။
ဇူလိုင် ၂၂ ရက် ဆွေးနွေးပွဲ တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA)မူကြမ်း၌   တိုင်းရင်းသား များဘက်က ပြင်ဆင်ထားသည့် အချက်များ၊ NCA လက်မှတ်ရေး ထိုးမည့် ပုဂ္ဂိုလ်၊ နိုင်ငံတကာနှင့် ပြည်တွင်းမှ အသိသက်သေများ နှင့်အဖွဲ့အားလုံး    ပါဝင်နိုင်ရေး စသည့် ကိစ္စရပ်များကို အဓိက ဆွေးနွေးကြမည်ဖြစ်ကြောင်း ညှိ နှိုင်းရေးအဖွဲ့က ဇူလိုင် ၁၈ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
လာမည့်ဆွေးနွေးပွဲပြီးပါက NCA ကို လက်မှတ်ရေးထိုးရန် ရာခိုင်နှုန်းများပြားကြောင်း နှစ်ဖက် ပြောခွင့်ရ ပုဂ္ဂိုလ်များက 7DayDaily အား ပြောကြားထားသည်။
Credit to >>> 7Day Daily

0 comments:

Post a Comment