Thursday, July 16, 2015

ဖမ်းဆီးခံကျောင်းသားများ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ၀န်းရံသွားမည်

 
 ဖမ်းဆီးခံကျောင်းသားများအနေဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ၀န်းရံသွားမည်ဖြစ်ကြောင်း မန္တလေး အိုးဘို အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသော ရတနာပုံ ကျောင်းသားသမဂ်္ဂ ဥက္ကဋ္ဌ ကိုနိုင်ရဲဝေက ရုံးထုတ်စဉ် မီဒီယာများသို့ ပြောကြားခဲ့သည်။
        ဇူလိုင်လ (၁၅) ရက်နေ့တွင် အမရပူရ တရားရုံး၌ အဖမ်းဆီးခံ ကျောင်းသား လေးဦးအား ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး ခဲ့သည်။ “ဒီအစိုးရက ဒီမိုကရေစီအစိုးရ လုံးဝမဟုတ်ပါဘူး။ ရွေးကောက်ပွဲနီးမှ ကျောင်းသားတွေကို ဖမ်းဆီးတာဟာ မဲလိမ်မဲခိုးဖို့ လုပ်နေတာ။ သူတို့ဘယ်လိုပဲ လုပ်လုပ် ကျွန်တော်တို့ အဖမ်းဆီးခံ ကျောင်းသားတွေက လူထု ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ၀န်းရံသွားမှာပါ”ဟု ကိုနိုင်ရဲဝေက ရုံးချိန်း အပြီး အချုပ်ကားပေါ်တက်စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

      အဖမ်းဆီးခံ ကျောင်းသားများသည်လည်း အချုပ်ကားထဲမှနေ၍ သီချင်းများ၊ ကြွေးကြော်သံများ သီဆိုခဲ့ကြသည်။ “မီးတုတ် မီးတုတ် ရှို့ရှို့” ၊“အကြမ်းဖက် အစိုးရ အလိုမရှိ”၊ “လူသတ်အစိုးရ အလိုမရှိ”၊ “ဒီမိုကရေစီ ပညာရေး အမြန်ဆုံးပေး”၊ “အဖမ်း ဆီးခံ ကျောင်းသားများ ချက်ချင်းလွှတ်”ဟူသော ကြွေးကြော်သံများကို အဖမ်းဆီးခံ ကျောင်းသားများ၊ လာရောက်ဝန်းရံကြသော ပြည်သူများနှင့် အတူတကွ ကြွေးကြော်ခဲ့ကြသည်။

      “ကျွန်တော်တို့ကို ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ နယ်ထိန်းခေါင်းဆောင်နဲ့ ဒုတပ်ကြပ်ကို တရားစွဲသွားပါမယ်။ ဒါတွေကို လူ့အခွင့်အရေး ကော်မရှင်ကိုလည်း တိုင်ကြားမယ်။ ဒါက အမရပူရ ရဲတပ်ဖွဲ့မှာ အပြည့်အ၀ တာဝန်ရှိပါတယ်။ မလိမ်ပါနဲ့၊ ကျွန်တော်တို့မှာ ဗွီဒီယိုဖိုင်တွေ အပြည့်အစုံရှိပါတယ်”ဟု ကိုအောင်ဆန်းဦးနှင့် ကိုနိုင်ရဲဝေတို့က အချုပ်ကားပေါ်မှ ပြောကြားခဲ့သည်။ ၎င်းတို့အား အမရပူရရဲစခန်းမှ ဇွန်လ (၂၆)ရက်နေ့ကဆေးမှုတ်မှုနှင့် ဇူလိုင်လ တစ်ရက်နေ့တွင် ဖမ်းဆီခဲ့ပြီး ပုဒ်မ ၁၁၄၊ ၁၄၃၊ ၁၄၇၊ ၁၈ ၅၀၅(ခ)တို့ဖြင့် စွဲဆိုထားသည်။ ၎င်းင်းတို့အား ဇူလိုင်လ (၂၉) ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်သည်။
Credit To >>> Messenger News

0 comments:

Post a Comment