ဓမ္မစကူးလ်ဖောင်ဒေးရှင်း
(၃) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ မေလ (၁၀)ရက်၊ တနင်္ဂနွေနေ့ နေ့လည်
(၁) နာရီမှ ညနေ (၄) နာရီထိ MCC ခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးအဖွဲ့ထံမှ
သတင်းရရှိပါသည်။ (၉) ရက်၊ (၁၀)ရက် နံနက်ပိုင်းတွင် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်သည်။
ထိုအခမ်းအနားအစီအစဉ်တွင်
ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ သင်ရိုးညွှန်းတမ်းများကို သင်ကြားရာတွင် တွေ့ကြုံခဲ့ရ သည့်
အားသာချက်၊ အားနည်းချက်အခက်အခဲများ ဖြေရှင်းခဲ့ပုံများ ကို ဆွေးနွေးဖလှယ်ကြပြီး အကြံဉာဏ်များရယူရန် မိတ်ဆက်အဖွဲ့အစည်းများနှင့်
ဓမ္မစကူးလ်ဖောင်ဒေးရှင်း တို့အကြား ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်
နှစ်ဦးနှစ်ဖက် ရင်းနှီးပွင့်လင်းစွာ အမြင်သဘောထားများ ဖော်ထုတ်ဖလှယ်ကြပြီး မူဝါဒအခြေခံများနှင့်
နည်းလမ်းများကို အကြံပြုနိုင်ရန်၊ ထို့အပြင် ဓမ္မစကူးလ်များ အရည်အသွေးမြင့်မား၍ ရေရှည်တည်တံ့ပြန့်ပွားရေးအတွက်
ဓမ္မစကူးလ် ဖောင်ဒေးရှင်းအနေဖြင့် ရှေ့ဆက်ဆောင်ရွက်သင့်သည့် မဟာဗျူဟာများ၊ နည်းလမ်းများ၊
လုပ်ငန်းစဉ်များကို ဖော်ထုတ် အကြံပြုနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖောင်ဒေးရှင်း၏
(၃) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကြီးကို ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖောင်ဒေးရှင်း၏
ဘဏ္ဍာရေးမှူး ဒေါ်ခေမာရီက
ပြောကြားခဲ့သည်။
ဓမ္မစကူးလ်ဖောင်ဒေးရှင်း
တွဲဘက်အတွင်းရေးမှူး (၁) အရှင်ရာဇိန္ဒာလင်္ကာရက မေလ (၁) ရက်မှ (၃) ရက်နေ့ထိ ညနေ (၇) နာရီခွဲတွင် ပြည်သူ့ရင်ပြင်၌ အထူးတရားပွဲကို ပြုလုပ်ကျင်းပသွား မည်ဖြစ်ကြောင်းနှင့် (၁) ရက်နေ့ညတွင်
ဒေါက်တာ အရှင်ဥာဏိသရ၊ (၂) ရက်နေ့ညတွင် အရှင်ဝိစိတ္တနှင့် (၃) ရက်နေ့ညတွင် အရှင်သုမဏ
စသည့် နိုင်ငံတော် ဘွဲ့တံဆိပ်တော်ရ ဆရာတော်များ တရားဟော ကြားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နှင်းဆီ
0 comments:
Post a Comment