၂၀၁၅ အာဆီယံအမျိုး သမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ တွင် မြန်မာ့လက်ရွေးစင်အမျိုး သမီးအသင်းအနေဖြင့် ဗိုလ်လုပွဲ အဆင့် တက်ရောက်နိုင်ရန် မျှော် မှန်းထားကြောင်း အသင်းနည်း စနစ် ဒါရိုက်တာ ဦးအေးမောင်ကြီးက ပြောသည်။
ပြိုင်ပွဲဝင်ရှစ်သင်းဝင်ရောက် ယှဉ်ပြိုင်မည့် (၈)ကြိမ်မြောက် အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို လာမည့် မေလ ၁ ရက်မှ ၁၀ ရက်အထိ ဗီယက်နမ်နိုင်ငံက လက်ခံကျင်းပမည်ဖြစ်သည်။
အုပ်စုခွဲခြားမှုအရ မြန်မာအသင်းသည် အုပ်စု(ခ)တွင် မလေးရှား၊ ဖိလစ်ပိုင်၊ အိမ်ရှင် ဗီယက်နမ်အသင်းများနှင့် ကျရောက်နေပြီး အုပ်စု(က)တွင် သြစတြေးလျယူ-၂၀၊ အင်ဒိုနီးရှား၊ လာအိုနှင့် ထိုင်းအသင်းများ ပါဝင်လျက်ရှိသည်။
မြန်မာအမျိုးသမီးအသင်း သည် အာဆီယံပြိုင်ပွဲအကြိုအဖြစ် ဧပြီ ၂၄ ရက်တွင် ထိုင်းနိုင်ငံသို့ သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ထိုင်းအမျိုးသမီးအသင်းနှင့် ခြေ စမ်းပွဲတစ်ပွဲ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည်။
ထိုင်းအမျိုးသမီး လက်ရွေး စင်အသင်းနှင့် ခြေစမ်းပွဲကစားရ မည်ဖြစ်ခြင်းကြောင့် အသင်းတွင် လိုအပ်သည့် ပြင်ဆင်မှုများ ပြု လုပ်နိုင်မည်ဟု ဦးအေးမောင်ကြီးကဆိုသည်။
‘‘ပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့် ထိရောက်ရှိဖို့ မျှော်မှန်းထား တယ်။ အာဆီယံပြိုင်ပွဲအကြို တရုတ်မှာ ခြေစမ်းပွဲတွေ သွား ကစားဖို့ စီစဉ်ခဲ့ပေမယ့် အဆင် မပြေလို့ ထိုင်းလက်ရွေးစင်အ သင်းနဲ့ ကစားဖို့စီစဉ်တာပါ။ ဒီ ခြေစမ်းပွဲက မြန်မာနဲ့ထိုင်း နှစ် သင်းစလုံးအတွက် အကျိုးရှိမှာပါ’’ဟု အမျိုးသမီးလက်ရွေးစင် အသင်း နည်းစနစ်ဒါရိုက်တာ ဦး အေးမောင်ကြီးက ပြောသည်။
မြန်မာ့အမျိုးသမီးလက်ရွေး စင်အသင်းမှာ အသင်းလိုက်က စားပုံတိုးတက်လာပြီး တိုက်စစ် ပိုင်းမှာ ပိုမိုကောင်းမွန်လာသော် လည်း ခံစစ်ပိုင်းတွင် အနည်းငယ် အားပျော့လျက်ရှိကြောင်း၊ သက် တမ်းအလိုက် အမျိုးသားအသင်း များနှင့် ခြေစမ်းပွဲလေးပွဲကစားခဲ့ ရာတွင် ခံစစ်ပိုင်းမှာ ပုံစံကောင်း တစ်ခုကို ရယူနိုင်ခြင်းမရှိသေး ကြောင်း ဦးအေးမောင်ကြီးက ပြောသည်။
မြန်မာ့လက်ရွေးစင် အမျိုး သမီးအသင်းသည် အုပ်စုအဖွင့်ပွဲ စဉ်အဖြစ် ၂၀၁၅ မေလ ၂ ရက်တွင် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ သင်းနက်အားကစားကွင်း၌ အိမ်ရှင် ဗီယက်နမ် လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
အာဆီယံပြိုင်ပွဲဝင်မည့် မြန် မာ့အမျိုးသမီး လက်ရွေးစင်အ သင်းတွင် အုပ်ချုပ်သူအဖြစ် ဒေါ် မြတ်မြတ်ဦး၊ နည်းစနစ်အကြံပေး အဖြစ် ဦးအေးမောင်ကြီးတို့က တာဝန်ယူလျက်ရှိပြီး နည်းပြချုပ် အဖြစ် ဒေါ်သက်သက်ဝင်းက တာဝန်ယူကိုင်တွယ်လျက်ရှိသည်။
နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၃ အာဆီယံအမျိုးသမီးချန်ပီ ယံရှစ်ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး မြန်မာအသင်းသည် တတိယလုပွဲတွင် ဗီယက်နမ်အသင်းကို ရှုံးနိမ့်ကာ စတုတ္ထနေရာသာ ရရှိခဲ့ သည်။
Credit: 7Day News
Thursday, April 23, 2015
အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ဗိုလ်လုပွဲတက်ရန် ရည်မှန်းချက်ထား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment