တပ်မတော်အနေဖြင့် နိုင်ငံတော်၏ မြေထု၊ ရေထုနှင့်လေထုတို့ကို လုံခြုံစွာ ကာကွယ်စောင့် ရှောက်ရန် အင်အားတောင့်တင်း၍ စွမ်းရည် ထက်မြက်မြင့်မားသော တပ်မတော် တည်ဆောက် ရေးအတွက် အစဉ်အမြဲ အကောင်အထည်ဖော် လေ့ကျင့်တည်ဆောက်လျက်ရှိသည်။
ထိုသို့ လေ့ကျင့်တည်ဆောက်ရာတွင် တပ်မတော်(ရေ)မှ နိုင်ငံတော်ပိုင် ပင်လယ်ပြင်ရေထု၊ လေထုအတွင်း အချုပ်အခြာအာဏာ ခိုင်မာစေရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းရည် ထက်မြက်လာစေရန်ရည်ရွယ်၍ စစ်ရေယာဉ် တပ်ပေါင်းစုပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise - Sea Shield 2015) အား ယနေ့ နံနက်ပိုင်း၌ မြန်မာ့ရေပိုင်နက် မာန်အောင်ကျွန်းအနီး (ကျောက်ဖြူဒေသ)ပင်လယ်ပြင်တွင် စစ်ရေယာဉ် ၂ဝ ကျော်ဖြင့်လေ့ကျင့်ရေး ဆောင်ရွက်ခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ရေ)အား ဂုဏ်ပြုသောအားဖြင့် တပ်မတော်(ရေ) ဝတ်စုံ ဝတ်ဆင်၍ တက်ရောက်ကြည့်ရှုသည်။
Credit to : News Watch Journal
Thursday, April 9, 2015
တပ်မတော်(ရေ)မှစစ်ရေယာဉ်တပ်ပေါင်းစုပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်: ( Combined Fleet Exercise - Sea Shield 2015)ဆောင်ရွက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment