Thursday, April 23, 2015

စူပါစီးရီးပိုက်ကျော်ခြင်းပြိုင်ပွဲ အဖွင့်ပွဲစဉ် မြန်မာနှင့်မလေးရှား ယနေ့ယှဉ်ပြိုင်မည်


 ၂၀၁၄-၁၅ ရာသီ တတိယအကြိမ်မြောက် စူပါစီးရီး ပိုက်ကျော်ခြင်းပြိုင်ပွဲ သုံးယောက်တွဲ အမျိုးသားပြိုင်ပွဲတွင် မြန်မာအသင်းသည် အဖွင့်ပွဲအဖြစ် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။


အဆိုပါပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံ၊ Gusan မြို့၌ ဧပြီ ၂၃ ရက် (ယနေ့)တွင် စတင်ကျင်းပမည်ဖြစ်ပြီး အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စု(ခ) အဖွင့်ပွဲအ ဖြစ် မြန်မာနှင့် မလေးရှား၊ တရုတ်နှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သုံးယောက်တွဲပြိုင်ပွဲ အမျိုး အစားတစ်မျိုးတည်းသာ ထည့် သွင်းကျင်းပသည့် စူပါစီးရီးပိုက် ကျော်ခြင်းပြိုင်ပွဲ အမျိုးသားပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု (ခ)တွင် မလေးရှား၊ တရုတ်၊ စင်ကာပူအသင်းများနှင့် ကျရောက်နေပြီး အုပ်စု(ဂ)တွင် ထိုင်း၊ ဂျပန်၊ အင်ဒိုနီးရှားနှင့် အိမ်ရှင်တောင်ကိုရီးယားအသင်းများ ပါဝင်လျက်ရှိသည်။

မြန်မာအမျိုးသားပိုက်ကျော် ခြင်းအသင်းသည် ဧပြီ ၂၄ ရက် တွင် အုပ်စုဒုတိယပွဲအဖြစ် တရုတ် အသင်းနှင့်လည်းကောင်း၊ အုပ်စု တတိယပွဲအဖြစ် စင်ကာပူအသင်း နှင့်လည်းကောင်း ဆက်လက်ယှဉ် ပြိုင်ရမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် (အမျိုးသား၊ အမျိုးသမီး) ပြိုင်ပွဲနှစ်ရပ် ထည့် သွင်းကျင်းပခြင်း ဖြစ်သော်လည်း မြန်မာပိုက်ကျော်ခြင်းအသင်းအနေဖြင့် အမျိုးသားပြိုင်ပွဲတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ် သည်။

အမျိုးသမီးပြိုင်ပွဲအုပ်စုခွဲဝေ မှုများအရ အုပ်စု(က)တွင် ထိုင်း၊ မလေးရှားနှင့် အိမ်ရှင် တောင် ကိုရီးယား၊ အုပ်စု(ခ)တွင် ဗီယက် နမ်၊ အင်ဒိုနီးရှား၊ ဂျပန်အသင်း များ ပါဝင်လျက်ရှိသည်။

သုံးယောက်တွဲပြိုင်ပွဲ အမျိုးအစားတစ်မျိုးတည်းသာ ထည့် သွင်းကျင်းပသည့် စူပါစီးရီးပိုက် ကျော်ခြင်း ၂၀၁၄-၁၅ ရာသီ ပထမပြိုင်ပွဲကို ပြီးခဲ့သည့်နှစ် အောက်တိုဘာအတွင်းက မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ပြီး မြန်မာအမျိုးသား၊ အမျိုးသမီးအသင်းများက တတိယနေရာများရရှိခဲ့ကြသည်။

၂၀၁၅ ဖေဖော်ဝါရီအတွင်း မလေးရှားနိုင်ငံတွင် ကျင်းပခဲ့ သည့် စူပါစီးရီးဒုတိယပြိုင်ပွဲ၌ မြန်မာအမျိုးသမီးအသင်းက တတိယနေရာ ရရှိခဲ့သော်လည်း အမျိုးသားအသင်းမှာ အဆင့်(၅) နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။

Credit: 7Day News

0 comments:

Post a Comment