ရုပ်ရှင်ရုံပိုင်နှင့်
ဆက်သွယ်မေးမြန်းကြည့်ရာ ဦးကျော်မြလှိုင်က မြဟံသာရုပ်ရှင်ရုံအား အဆင့်မြင့် ရုပ်ရှင်ရုံအဖြစ် မြဟံသာ(၂)ရုပ်ရှင်ရုံတစ်ရုံကို ဆောက်လုပ်နေသဖြင့်မကြာမီကာလတွင် ဖွင့်လှစ်မည်ဖြစ်ပြီး
ဖွင့်ပွဲအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီး များတက်ရောက်၍ ဖွင့်ပွဲအခမ်းအနားပြုလုပ်မည့် ရုပ်ရှင်ရုံရှေ့ မြို့နယ်စည်ပင်သာယာရေး ပိုင် မြေနေရာတွင် ဆောက်လုပ်ထားသော နားခိုဆောင်၊ ဗီဒီယိုအခွေဆိုင်နှင့် ကွမ်းယာဆိုင်များကို ဖယ်ရှားမှသာ မြေနေရာရှင်းလင်းပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လိုလားချက်ပါအတိုင်း ရေမြောင်းတူးဖော်ခြင်း၊
ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်၍ ဖယ်ရှားပေးနိုင်ရန် ဌာနဆိုင်ရာသို့
(၂၇.၃.၂၀၁၄) ရက်နေ့က စာတင်ထားကြောင်း ပြောခဲ့သည်။
အခွေဆိုင်ပိုင်ရှင်
ကိုမြတ်သူက “မိသားစု(၅)ယောက်ကို လုပ်ကိုင်ကျွေးမွေးနေရတဲ့အတွက် ဈေးမရောင်း ရရင်အခက်ခဲရှိပါတယ်။ဒီနေရာမှာမရောင်းရရင်ဘယ်နေရာမှာရောင်းရတော့မှာလဲ။ ရောင်းစရာနေရာမရှိတဲ့ အတွက် တင်ပြရခြင်းဖြစ်ပါတယ်”
ဟုပြောကြားခဲ့သည်။
စည်ပင်သာယာမှ
တာဝန်ရှိသူ ဦးကြည်စိုး၊ ရုပ်ရှင်ရုံပိုင် ဦးကျော်မြလှိုင်နှင့် ဆိုင်ရောင်းသူ ကိုမြတ်သူတို့
(၃)ဦး တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ကိုမြတ်သူက ပြောကြားခဲ့သည်။
နှင်းဆီ
၂၃.၄.၂၀၁၅
0 comments:
Post a Comment