Thursday, August 28, 2014

Leonardo ရဲ့ The Beach ဇာတ်ကားကြည့်ပြီး ပုံစံတူလိုက်လုပ်ခဲ့တဲ့ လူငယ်တစ်ယောက် ဇာတ်ကားထဲမှာပါတဲ့ ကျွန်းစွယ်မှာပဲ သေဆုံး

Leonardo ရဲ့ The Beach ဇာတ်ကားကြည့်ပြီး ပုံစံတူလိုက်လုပ်ခဲ့တဲ့ လူငယ်တစ်ယောက်ဟာ ဇာတ်ကားထဲမှာ ပါတဲ့ကျွန်းစွယ်မှာပဲ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။

ဗြိတိသျှလူမျိုး တစ်ဦးဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် Jay Davies ဟာ Leonardo DiCaprio သရုပ်ဆောင်ထားတဲ့ The Beach ဇာတ်ကားကို ရူးသွပ်တဲ့အလျောက် ဇာတ်ကားထဲကအတိုင်း အရှေ့တောင်အာရှ မှာရှိတဲ့ ဖူးခက်ကမ်းရိုးတန်းက ဖီဖီလို့ခေါ်တဲ့ကျွန်းစွယ် တစ်ခုအပေါ်မှာ အိမ်ဆောက်ပြီး နေထိုင်ခဲ့ပါတယ်။
သူ့ရဲ့ အရှေ့တောင်အာရှ အိမ်မက်တွေဟာ ကံဆိုးမိုးမှောင်ကျခဲ့ရပါတယ်။ သူ့ရဲ့သေဆုံးမှုကို အချိန်ကွာဟပြီးမှ သိခဲ့ရတဲ့ ထိုင်းနိုင်ငံတာဝန်ရှိသူတွေဟာ Davies ရဲ့သေဆုံးမှု အကြောင်းအရင်းကို သက်သေပြနိုင်ဖို့ စုံစမ်းဖော်ထုတ်နေဆဲဖြစ်ပါတယ်။
ခရီးထွက်ရတာ ၀ါသနာကြီးတဲ့ Davis ဟာ ကျောင်းပြီးကတည်းက အနောက်ဝေလပြည်နယ်ကနေ မိုင်ပေါင်း ၆၀၀၀ ကျော် ပျံသန်းလာခဲ့တာဖြစ်ပြီး သူဟာ ၃ နှစ်တိတိ ဖီဖီကျွန်းမှာ အနောက်တိုင်း နယ်လှည့်  ခရီးသွားတွေနဲ့အတူ ပါတီပွဲတွေလုပ်နေခဲ့တာ ဖြစ်ပြီး သူ့ရဲ့သူငယ်ချင်းတွေနဲ့တော့ အဆက်အသွယ်ရှိနေခဲ့ပါတယ်။

Ref:dailymail.co.uk

0 comments:

Post a Comment