တရုတ်နိုင်ငံမှ အသက် ၁၅ နှစ် အရွယ်ရှိ လူငယ် တစ်ဦးသည် လည်ပင်း အလွန် ရှည်လျားနေ သောကြောင့် ပြင်းထန်သော ဝေဒနာ ခံစားနေရသည့် အတွက် ခွဲစိတ် ကုသမှု ခံယူ ရမည်ဟု သြဂုတ်လ ၂၈ ရက်က ဒေးလီးမေးလ် သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။
ယင်း ကျောရိုး အဆစ်များသည် ဖူဝမ်ကွေး၏ လည်ပင်းမှ အာရုံကြော များကို ဖိထားသည့် အတွက် လမ်းလျှောက်ရန် ခက်ခဲ နေကြောင်း အသက် ၅၀ အရွယ်ရှိ ဖခင်ဖြစ်သူက ပြောသည်။ "သူအပြင်ထွက်တဲ့အချိန်တိုင်း တစ်ဆစ်ဆစ်နဲ့ နာကျင်နေရတယ်"ဟု ဖခင် ဖြစ်သူက ပြောကြားခဲ့သည်။
အသက် ခြောက်နှစ်အရွယ် ကလည်း ဖူဝမ်ကွေးမှာ မွေးရာပါ ကျောရိုး ကွေးညွတ်မှု ဖြစ်နေကြောင်း စစ်သပ် စစ်ဆေးရာမှ သိရှိခဲ့ ရသည်။ ၎င်းတွင် သာမန် မဟုတ်သော ရင်ဘတ် တည်ဆောက်ပုံလည်း ရှိနေသည်။ မွေးရာပါ ကျောရိုး ကွေးညွတ် မှုသည် ကျောရိုး အဆစ်များ မှားယွင်းစွာ ဖွဲ့စည်းထား ပုံကြောင့် ကျောရိုးပုံစံ ပုံပျက် နေခြင်း ဖြစ်သည်။ ယင်းသည် သန္ဓေတည် စမှ စ၍ ပထမ ခြောက်ပတ်တွင် စတင် ဖြစ်ပွားပြီး ဖွံ့ဖြိုး တိုးတက်လာမှု တိုင်းတွင် ဆက်လက် ဖြစ်ပေါ်သည်။
လက်ရှိ အချိန်တွင် ဖူဝမ်ကွေး ၏ လည်ပင်း အရှည်ကို လျော့ချရန် ခွဲစိတ်မှုများ ပြုလုပ် ရမည် ဖြစ်သည်။
Mizzima

0 comments:
Post a Comment