မိုဘိုင်းလ်ဟန်းဆက်တင်သွင်းသူ များသက်သာသောနည်းဖြင့် တရား ဝင်တင်သွင်းမှုများပြုလုပ်လာရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနကဦးဆောင်၍ လုပ် ငန်းရှင်များ၊ သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်တွင်းမိုဘိုင်းလ်ဟန်းဆက် တင်သွင်း ရောင်းချသူများတွင် တရားမဝင်တင်သွင်းမှုများ အများ အပြားရှိပြီး တရားမဝင်တင်သွင်း မှုများပပျောက်၍ တရားဝင်တင် သွင်းမှုများပြားရန် ဆွေးနွေးမှု၊ ညှိ နှိုင်းမှုများ ဆောင်ရွက်နေခြင်းဖြစ် သည်။ ''ဟန်းဆက်အခွန်ကပထမ ၁ဝရာခိုင်နှုန်းကောက်ရာက မေလ ကစပြီး ၅ရာခိုင်နှုန်းပဲ ကောက် တော့တယ်။ ဒီထက်လျော့မလား၊ ဒါမှမဟုတ်တခြားသက်သာတဲ့နည်း နဲ့တင်သွင်းနိုင်အောင် ဆောင်ရွက် မလားဆိုတာကိုအစည်းအဝေးတွေ လုပ်ပြီး ဆွေးနွေးမှုတွေလုပ်နေပါ တယ်''ဟု အကောက်ခွန်ဦးစီးဌာန မှညွှန်ကြားရေးမှူးဦးသိန်းဆွေက ပြောသည်။
မိုဘိုင်းလ်ဟန်းဆက်တင်သွင်း သူများ လုပ်ငန်းများလုပ်ကိုင်ရာ တွင် တရားဝင်တင်သွင်းမှုများ ဆောင်ရွက်လာရန် လက်ရှိအခွန် နှုန်းထားထက် သက်သာသော အခွန်နှုန်းထားများသို့ ပြောင်းလဲ ကောက်ခံခြင်း(သို့မဟုတ်)အခြားသော ဟန်းဆက်တင်သွင်းသူများလုပ်ငန်း လုပ်ကိုင်ရာတွင် သက်သာသော နည်းဖြင့် တင်သွင်းနိုင်ရန်ညှိနှိုင်း နေကြောင်း ၄င်းကပြောသည်။
ပြည်တွင်းမိုဘိုင်းလ်ဟန်းဆက် တင်သွင်းသူများက မိုဘိုင်းလ်ဟန်း ဆက်များကို သက်သာသော အခွန်နှုန်းထားဖြင့် တင်သွင်းနိုင်မှ သာ ဈေးကွက်အတွင်းရောင်းချရာ တွင် အဆင်ပြေစွာရောင်းချနိုင်မည် ဖြစ်ပြီး အခွန်နှုန်းထားများကြီးမြင့် ပါက ဈေးကွက်အတွင်း ယှဉ်ပြိုင် ရောင်းချနိုင်ရန်တရားမဝင်တင်သွင်း မှုများဖြင့်သာတင်သွင်းကြကြောင်း မိုဘိုင်းလ်ဟန်းဆက်တင်သွင်းသူ လုပ်ငန်းရှင်တချို့ကပြောသည်။
လက်ရှိအချိန်တွင်လည်း မို ဘိုင်းလ် ဟန်းဆက်ဈေးကွက်များ အတွင်းသို့ ဝင်ရောက်နေသော ပျမ်းမျှအရေအတွက်မှာ ၁ဝသန်း ခန့်ရှိသော်လည်း အခွန်ဆောင်၍ တရားဝင်တင်သွင်းမှုမှာ နှစ်သိန်း ခန့်သာရှိနေသေးကြောင်း ပြည်ပ ပုဂ္ဂလိကဆက်သွယ်ရေးလိုင်စင်ရ Ooredoo ကုမ္ပဏီမှ တယ်လီဖုန်း လိုင်းကတ်များထုတ်ဝေရောင်းချ ချိန်တွင် လက်ရှိပြည်တွင်း၌ Ooredoo တယ်လီဖုန်းလိုင်းကတ်နှင့် သုံးစွဲနိုင်သော 3G ဟန်းဆက်များ မှာ ဝယ်လိုအားမြင့်တက်၍ ဈေး နှုန်းပြောင်းလဲမှုများဖြစ်ကာ ဟန်း ဆက်ပစ္စည်းပြတ်လပ်မှုများ ရှိနေ သောကြောင့် ပြည်တွင်းသုံးစွဲမှု များအဆင်ပြေစွာသုံးစွဲနိုင်ရန်နှင့် မို ဘိုင်းလ်ဟန်းဆက်တင်သွင်းရောင်း ချသူများ သက်သာသောနည်းဖြင့် တရားဝင်တင်သွင်းနိုင်ရန် သက် ဆိုင်ရာတာဝန်ရှိဝန်ကြီးဌာနများ ကဆောင်ရွက်ရန်လိုအပ်သည်။
မိုဘိုင်းလ်ဟန်းဆက် ဈေးကွက် အတွင်း တင်သွင်းရောင်းချသူ၏ ၃ရာခိုင်နှုန်းသာ တရားဝင်အခွန် ဆောင်၍ တင်သွင်းရောင်းချနေပြီး ကျန် ၉၇ ရာခိုင်နှုန်းမှာ တရား မဝင် တင်သွင်းရောင်းချနေသော ကြောင့် နိုင်ငံတော်ကရသင့်သော အခွန်များ လျော့နည်းလျက်ရှိရာ ပြည်တွင်း မိုဘိုင်းလ်ဟန်းဆက် တင်သွင်းရောင်းချသူများတရားဝင် တင်သွင်းရောင်းချနိုင်ရန် ဆောင် ရွက်နိုင်ပါက အခွန်ငွေရရှိမှုများ လည်းတိုးပွားလာနိုင်မည်ဖြစ်သည်။
The Union Daily

0 comments:
Post a Comment