သမ္မတဦးသိန်းစိန်၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကာလအတွင်း အစိုးရလုပ်ဆောင်ချက်များအပေါ် စစ်တမ်းသုံးကြိမ် ကောက်ယူရာတွင် သမ္မတ၏လုပ် ဆောင်ချက်များအပေါ် ပြည်သူလူထုစိတ်ကျေနပ်မှုမရှိသည်ကိုတွေ့ရှိရကြောင်း စိမ်းလန်းအမိမြေအသင်းလူမှုစီးပွားသုတေသနအဖွဲ့က သြဂုတ် ၁၄ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
သမ္မတ၊ သမ္မတ၏ အစိုးရ အဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ် များ၏ လုပ်ဆောင်မှုများအပေါ် လူထုအနေဖြင့် စိတ်ကျေနပ်မှုရှိ၊ မရှိ ရန်ကုန်နှင့် မန္တလေးမြို့ပေါ်ရှိ လူပေါင်းခြောက်ထောင်ခန့်ကို စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။
၂၀၁၃နှစ်ကုန်ပိုင်းက တတိယအကြိမ်ကောက်ယူ သည့်စစ်တမ်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးစနစ်နှင့်ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိကြောင်းပြော ဆိုခဲ့သည့်အပြင် ကျန်းမာရေးနှင့် ပတ်သက်၍လည်း လုံးဝစိတ်ကျေ နပ်မှုမရှိဘဲ ၀န်ဆောင်မှုများညံ့ ဖျင်းနေသည်ဟု ဖြေကြားခဲ့သည်။
‘‘အစိုးရ၀န်ထမ်းနဲ့ တပ်မ တော်သားတွေက သမ္မတအပေါ် ကောင်းတဲ့ မှတ်ချက်တွေပေးထား ပေမယ့် အလုပ်လက်မဲ့တွေနဲ့ ကျောင်းသားတွေကတော့ ပြတ် ပြတ်သားသား၊ တူးတူးခါးခါးဖြစ် နေတာတွေ့ရပါတယ်။အနုပညာ သမားနဲ့ ဘာသာရေးပုဂ္ဂိုလ်တွေ က သမ္မတအပေါ်ကျောင်းသား တွေထက်ပိုဆိုးနေပါတယ်’’ဟု စစ်တမ်းကောက်ယူခဲ့သည့်အဖွဲ့ စိမ်းလန်းအမိမြေအသင်းမှ ဒါရိုက် တာဦးဝင်းမျိုးသူကပြောသည်။
နိုင်ငံရေး၊ စီးပွားရေး၊ ကျန်း မာရေးနှင့် ပညာရေးစနစ်များကို အခြေခံပြီး လူထု၏ သဘောထား အမြင်ကိုမေးခွန်းပေါင်း ငါးဆယ် ဖြင့် မေးမြန်းခဲ့ခြင်းဖြစ်သည်။ထို သို့မေးမြန်းရာတွင် ၂၀၁၂ခုနှစ်နှင့် ၂၀၁၃နှစ်စပိုင်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာ ရေးစနစ်တို့နှင့်ပတ်သက်၍ စိတ် ကျေနပ်မှုရှိသည်ဟု မှတ်ချက်ပေး ခဲ့သည်။
‘‘ဒါကမြို့နေလူထုတစ်ရပ် ကိုပဲ မေးထားသေးတာ။ တော မှာရှိတဲ့လယ်သမားတွေမေးမယ် ဆိုရင် အခုအစိုးရလုပ်နေတဲ့လယ် မြေကိစ္စတွေအရ သမ္မတစာမေးပွဲကျရုံတင်မကဘူး။ ကျောင်း တောင်ထုတ်ခံရမယ်ထင်တယ်’’ ဟု စိမ်းလန်းအမိမြေအသင်း၏ သုတေသနစစ်တမ်းအပေါ် ထောက်ခံသည့်အနေဖြင့် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီအထွေထွေအ တွင်းရေးမှူး ဒေါ်ခင်ခင်ဝင်းက ပြောသည်။
အမေရိကန်အစိုးရကျော ထောက်နောက်ခံပြုထားသည့် In-ternational Republican In-stituteအဖွဲ့၏ ၂၀၁၃ နှစ်ကုန်ပိုင်းမှ ၂၀၁၄ နှစ်ဆန်းပိုင်းအထိအမျိုးသားအဆင့်လူထုစစ်တမ်းကောက်ယူချက်အရ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးအခြေအနေနှင့် သမ္မတဦးသိန်းစိန်အစိုးရအပေါ် အကောင်းမြင်သူအများအပြားရှိနေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
IRIအဖွဲ့၏ သုတေသနစစ် တမ်းကောက်ယူမှုနှင့် စိမ်းလန်းအ မိမြေအသင်း၏ ကောက်ယူချက် အချက်အလက်များသည်ကွာဟ မှုရှိနေသည်။ ယင်းကွာဟနေမှုများနှင့် ပတ်သက်၍မေးမြန်းရာတွင် လူထုစစ်တမ်းကောက်ယူမှုကို IRI နည်းစနစ်အတိုင်း ကျပန်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊IRIက တစ်နိုင်ငံလုံးကိုယ်စားပြုကောက်ယူရာတွင် လူပေါင်းသုံးထောင်ကျော်ကို တစ်ကြိမ်တည်းကောက်ယူခြင်းဖြစ်ပြီး စိမ်းလန်းအမိမြေအဖွဲ့က သုံးကြိမ်ကောက်ယူခဲ့ကာ တစ်ကြိမ်နှစ်ထောင်နှုန်းဖြင့် လူခြောက်ထောင်ကိုကောက်ယူခဲ့သည်ဟု ဦးဝင်းမျိုးသူကဖြေကြားခဲ့သည်။
IRIအဖွဲ့နှင့် မြန်မာနိုင်ငံအ ခြေစိုက် Myanmar Survey Research ပူးပေါင်းကောက်ယူ ထားသည့် တစ်နိုင်ငံလုံးကိုယ်စား ပြုစစ်တမ်းတွင် သမ္မတဦးသိန်းစိန် အစိုးရကိုထောက်ခံသည့်လူထု စစ်တမ်းထွက်ရှိလာသောကြောင့် စစ်တမ်းကောက်ယူသည့်အဖွဲ့ များအကြားတွင် အငြင်းပွားအခြေ အနေနှင့် ဝေဖန်မှုများထွက်ပေါ် လျက်ရှိသည်။
လက်ရှိတာဝန်ယူနေသော သမ္မတ၏ လုပ်ဆောင်ချက်အပေါ် လူထု၏ သဘောထားကောက်ယူမှုသည် ဒီမိုကရေစီဖွံ့ဖြိုးပြီးသောနိုင်ငံများတွင်တွင် ကျယ်စွာကောက်ယူလျက်ရှိပြီး ကောက်ယူရရှိသည့်စစ်တမ်းပေါ်မူတည်၍ သက်ဆိုင်ရာအစိုးရက ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်လျက်ရှိသည်။ အစိုးရအပေါ်လူထု၏သဘောထားအမြင် ကောက်ယူခြင်းစစ်တမ်းသည် နိုင်ငံရေးသမားများအတွက်အရေးပါပြီး ဒီမိုကရေစီဖွံ့ဖြိုးပြီး နိုင်ငံများတွင်ရွေးကောက်ပွဲယှဉ်ပြိုင်ရာ၌ ယင်းအချက်အလက်များကို အခြေခံပြီး မဲဆွယ်စည်းရုံးကြသည်။ မြန်မာနိုင်ငံတွင်ယခုမှ သုတေသနစစ်တမ်းကောက်ယူခြင်းဖြစ်ပြီး ကောက်ယူသည့်အဖွဲ့အစည်းအနည်းအကျဉ်းသာရှိသေးသည်။
7 Day Daily

0 comments:
Post a Comment