အထက်မြန်မာပြည်မှ ရေထွက်ပစ္စည်းနှင့် အသားထုတ် လုပ်ရောင်းချသော လက်ကား ဈေး မန္တလေးမြို့၌ တည်ဆောက်ရန်ပြင်ဆင်နေကြောင်း သတင်းရရှိသည်။
လက်ကားဈေး တည် ဆောက်ရာတွင် အထက်မြန်မာ ပြည်မှ မွေးမြူရေးလုပ်ငန်းရှင် များ ပူးပေါင်းပါဝင်ကြရန် မန္တလေးရှိ နတ်ရေကန်ငါးလုပ်ငန်းစခန်း (၃) သို့ရောက်ရှိနေသည့် မွေးမြူ ရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးအုန်းမြင့်က သြဂုတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။ ‘‘လက်ကားဈေးကြီး ဆောက်ဖို့တော့ အဘနဲ့ လိုက် တုန်းပြောတာ ကြားခဲ့ပါတယ်။ ဘယ်နေရာမှာ ဆောက်မယ်ဆို တာတော့ ကျွန်တော်လည်း သေ သေချာချာမသိသေးပါဘူး။ ပြန် ကြားရေးကို သေချာမေးပြီးမှ အ သေးစိတ်သိမှာ’’ဟု အဆိုပါ ခရီး စဉ်တွင် လိုက်ပါသွားသော ငါး လုပ်ငန်းဦးစီးဌာန ဒုညွှန်ချုပ် ဦး ထွန်းဝင်းက သြဂုတ် ၂၁ ရက်တွင်ပြောသည်။
ရေထွက်ကုန်များကို တရုတ် နိုင်ငံသို့တင်ပို့ရာတွင် နတ်ရေကန်စခန်း၌ တစ်ထောက်နားပြီး ငါး မျိုးစုံအရှင်များမသေစေရန် ပြု ပြင်ရာနေရာတစ်ခုဖြစ်ကြောင်း ရေထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့နေသော လုပ်ငန်းရှင်တစ် ဦးကပြောသည်။ လက်ကားဈေး တည်ဆောက်ရန်နေရာ မရွေး ချယ်ရသေးသော်လည်း မန္တလေး တွင် လက်ကားဈေးကြီးပေါ် ပေါက်လာပါက မြန်မာကုန်သည် များအတွက် တရုတ်နိုင်ငံသို့တင် ပို့ရန် ပိုမိုအဆင်ပြေနိုင်ကြောင်း ၎င်းကပြောသည်။
ထို့အပြင် ၀န်ကြီးက ငါးမွေး မြူထုတ်လုပ်သူများကို လားရှိုး၊ မကွေး၊ နေပြည်တော်၊ ကလေး၊ မော်လမြိုင်၊ ဘားအံ၊ ရွှေဘို၊ မုံ ရွာ၊ စစ်ကိုင်းနှင့် မိတ္ထီလာမြို့များ တွင် ပင်လယ်စာနှင့် ရေထွက် ကုန်သိုလှောင်နိုင်သော ငါးတန်ဆံ့ အအေးခန်းစက်ရုံများ တည် ဆောက်ရန် ၀န်ကြီးဦးအုန်းမြင့်က တိုက်တွန်းခဲ့ကြောင်း ဌာန၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
အအေးခန်းများ တိုးချဲ့ တည်ဆောက်နိုင်ရေး၊ ငါးကန်များပြန်လည်တူးဖော်ပြုပြင်မွမ်းမံနိုင် ရေးနှင့် ငါးမွေးမြူရေးပိုမိုတိုးချဲ့ မွေးမြူနိုင်ရေးအတွက် အစုအဖွဲ့ များဖွဲ့စည်း၍ ငါးလုပ်ငန်းအဖွဲ့ ချုပ်၏ အာမခံချက်ဖြင့် လိုအပ် သည့် ချေးငွေများ ထုတ်ချေး ပေးသွားမည်’’ ဟု ကျေးလက်ဖွံ့ ဖြိုးရေးဘဏ် တည်ဆောက်နေ သော လုပ်ငန်းခွင်တွင် ၀န်ကြီး ဦး အုန်းမြင့်က ပြောကြားခဲ့သည်။
7 Day Daily

0 comments:
Post a Comment